နည်းပညာ တိုးတက်လာလေ လူသားများ ပိုမို ပျော်ရွှင်လေ

alt

နည်းပညာများ တိုးတက် လာလေလေ၊ လူသားများ ပျော်ရွှင်မှု ရှိလေလေ ဖြစ်ကြောင်း သုတေသန လုပ်ငန်းတခုက ဖော်ထုတ် နိုင်ခဲ့သည်။

IT နည်းပညာ ပညာရေးဌာန တခုဖြစ်သည့် BCS က ကမ္ဘာအနှံ့မှ လူပေါင်း (၃၅၀၀၀)ကျော်ကို သဘောထား ကောက်ခံခဲ့မှု အရ နည်းပညာ အဆင့်အတန်းများ မြင့်မားလာခြင်းသည် လူအများအတွက် ပိုမိုပျော်ရွှင်မှု ဖြစ်စေနိုင်ကြောင်း တွေ့ရှိလာခဲ့သည်။

အထူးသဖြင့် ဆက်သွယ်ရေး ကိရိယာများ အဆင့်အတန်း မြင့်လာခြင်းသည် လူသားများ၏ ဘဝအပေါ် ပျော်ရွှင်ကျေနပ်မှုကို အသိသာဆုံး မြင့်တက်စေကြောင်း BCS က ပြောကြားခဲ့သည်။ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများ၊ ဆင်းရဲနွမ်းပါးသည့် အခြေအနေရှိသူ အမျိုးသမီး၊ အမျိုးသား အားလုံးတို့တွင် ပျော်ရွှင်မှုသည် ခေတ်မီ နည်းပညာနှင့် ၎င်းတို့ကြား မည်၍မည်မျှ ဆက်စပ်နေသည်ကို မူတည်ကာ ကွဲပြားမှုရှိကြောင်း သိရသည်။

အမျိုးသမီး များသည် ဆက်သွယ်မှု ကဏ္ဍကို ပိုမို လုပ်ဆောင်လေ့ရှိပြီး Social Media များ အသုံးပြုခြင်းကို ပိုမို အားသန်ခြင်းကြောင့် နည်းပညာ ဖွံ့ဖြိုးမှုအတွက် အမျိုးသားများထက် ကျေနပ် ပျော်ရွှင်တတ်ကြောင်း BCS က ဆိုသည်။ BCS သည် ယင်းတွေ့ရှိမှုကို အခြေခံကာ မည်သည့်နည်းပညာ တိုးတက်မှုက လူသားများ၏ စိတ်နှလုံးကို မည်ကဲ့သို့ ရိုက်ခတ်နိုင်ကြောင်း သီးသန့် လေ့လာရန် စီစဥ်နေသည် ဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here