သူလျှိုမှုဖြင့် အီရန် ထိန်းသိမ်းခံရသည့် ပြင်သစ်ကျောင်းသူ ပြန်လည် လွတ်မြောက်လာ

alt

သူလျှိုမှုဖြင့် အီရန်တွင် ဆယ်လကြာ ထိန်းသိမ်း ခံထားရသည့်​ ပြင်သစ် ကျောင်းသူက သူမ၏ လွတ်မြောက်မှုအတွက် စွမ်းစွမ်းတမံ​ ဆောင်ရွက် ပေးခဲ့သည့်

သမ္မတ နီကိုလတ် ဆာကိုဇီနှင့် အခြား တာဝန်ရှိသူ များအား​ ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

အသက် (၂၄)နှစ်အရွယ်​ ကလိုတီဒီရီဆီသည် အီရန် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှူများတွင် ပါဝင်ပြီး​ သတင်း အချက်အလက်များ မလျော်မကန် စုဆောင်းခဲ့ကြောင်း စွပ်စွဲမှုဖြင့်​ အီရန် အစိုးရ၏ ထောင်ဒဏ် (၁၀)နှစ်ကို ချမှတ် ခံထားရသော်လည်း မေလ (၁၆)ရက် နေ့က​ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။ သူမသည် လွတ်မြောက်ခွင့် အတွက် ရီရယ်ငွေ​ (၃)ဘီလျံကို ပေးဆောင် ခဲ့ရကြောင်းလည်း သိရသည်။ နှစ်ဖက်နိုင်ငံ​ အာဏာပိုင်များက ရီဆီ လွတ်မြောက်ရေး အတွက် မည်သို့သော သဘောတူညီချက် များဖြင့်​ ညှိနှိုင်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ထားသည်။

ရီဆီအား​ ပြင်သစ်အစိုးရ လေယာဥ်တစင်းဖြင့် ခေါ်ဆောင်ကာ ပဲရစ်မြို့တော် ဗီလာကူဘလေ​ လေဆိပ်သို့ ပို့ဆောင် ပေးခဲ့သည်။ သူမကို ပြင်သစ်သမ္မတ ဆာကိုဇီ ကိုယ်တိုင်​ အီလိုင်ဆီ နန်းတော်တွင် လက်ခံ တွေ့ဆုံခဲ့သည်။ ထို့အပြင် ဆာကိုဇီက​ ယခုညှိနှိုင်းမှု အတွက် ကြားဝင် ဆောင်ရွက်ပေးခဲ့သည့် ဘရာဇီးသမ္မတ​ လူးဝစ်အင်ဆီယို လူလာဒါဆေးဗား၊ ဆီနီဂေါသမ္မတ အက်ဘဒူလာရီဝေဒီ နှင့်​ ဆီးရီးယားသမ္မတ ဘာရှာအာဆက် တို့အား ကျေးဇူးတင် ရှိကြောင်းလည်း ကြေညာခဲ့သည်။ ရီဆီသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ (၁)ရက်နေ့က အဖမ်းခံရပြီး​ အချိန် အတော်များများကို တဟီရန်ရှိ ပြင်သစ်သံရုံးနှင့်​ အီဗင် အကျဥ်းထောင်တို့တွင် ကုန်ဆုံးခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here