ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘိုင်ယန် ကွင်းလယ်လူ ရီဘာရီ ပါဝင်နိုင်မည် မဟုတ်

alt

ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ဘိုင်ယန်မြူးနစ် အသင်း၏ အားအထားရဆုံး​ ကွင်းလယ် ကစားသမား ဖရန့်ရီဘာရီ အနေနှင့် ဗိုလ်လုပွဲတွင်​ ပါဝင်ယှဥ်ပြိုင် ကစားခွင့် ရှိမည် မဟုတ်ကြောင်း

ဥရောပ အားကစားခုံရုံးက​ အတည်ပြုခဲ့သည်။ အကြိုဗိုလ်လုပွဲ ပထမ အကျော့တွင် တိုက်ရိုက်အနီကတ် ထိထားသော​ ရီဘာရီသည် (၃)ပွဲပယ် ပြစ်ဒဏ် ကျခံထားရသော်လည်း ယခုနှစ် ဂျာမနီတွင်​ ဖလား(၂)လုံး ရယူထားသော ဘိုင်ယန်က (၁)ပွဲသာ ပယ်ရန်​ အယူခံ​ဝင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပ အားကစားခုံရုံးက ပယ်ချလိုက်သည်။​

ထို့ကြောင့်လည်း အသက် (၂၇)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် အနေနှင့်​ မေလ(၂၅)ရက်နေ့၊ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ ဘာနေဗျူး ကွင်းကြီးတွင်​ ယှဥ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲနှင့် သေချာပေါက်​ လွဲချော်ရပြီ ဖြစ်သည်။ ဘိုင်ယန်သည် အီတလီ ချန်ပီယံ အင်တာမီလန်နှင့်​ ဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဖြစ်ရာ ရီဘာရီ မပါဝင်ခြင်းသည် အသင်း၏​ တိုက်စစ် ဖန်တီးမှုအတွက် အားလျော့ သွားစေဖွယ် ရှိနေသည်။

ရီဘာရီသည်​ အကြိုဗိုလ်လုပွဲတွင် လိုင်ယွန်အသင်းမှ ရှေ့တန်းလူ လီဇန်ဒရို လိုပက်စ်အား​ ကြမ်းတမ်းစွာ ပြုမူခဲ့ခြင်း ကြောင့် တိုက်ရိုက် အနီကဒ်ဖြင့်​ ထုတ်ပယ် ခံခဲ့ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here