ထိုင်း စစ်တပ်မှ ဖြိုခွင်းမှု များကြောင့် ဆန္ဒပြသူများ လက်နက်ချရန် ဆုံးဖြတ်

alt

ထိုင်းနိုင်ငံရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက နောက်ထပ် သေဆုံးမှုများကို ရှောင်လွှဲနိုင်ရန် အတွက် အစိုးရတပ် များထံ လက်နက်ချရန် ဆုံးဖြတ်လိုက်ပြီဟု ကြေညာခဲ့သည်။

၎င်းတို့အနေနှင့် အစိုးရ အာဏာပိုင်များထံ လက်နက်ချကြောင်း ကနဦး အကြောင်းကြား အသိပေးမှု ပြုလုပ်ထားပြီးပြီဟု သိရသည်။ ဘန်ကောက်မြို့လယ်ကို အစိုးရတပ် များက ပိတ်ဆို့ ကာ ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မေလ (၁၉)ရက် နေ့တွင် ဆန္ဒပြသူများက အလျှော့ပေးရန် ဆုံးဖြတ် လိုက်ရခြင်း ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး အနီဝတ် ခေါင်းဆောင်တဦး ဖြစ်သည့် နာတာဝတ် ဆာကူအာက မိမိတို့သည် အကောင်းဆုံး မျှော်မှန်းချက်ကို ပြည့်မြောက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြောင်း ဝမ်းနည်းစွာ ပြောကြားခဲ့သည်။ နောက်ထပ် ဆန္ဒပြ ပြည်သူများ အသက်ဆုံးရှံုးမှုမှ ကာကွယ်ရန် အတွက် ယခုဆုံးဖြတ်ချက်ကို ချလိုက်ရခြင်း ဟုလည်း နာတာဝတ် က ဆိုသည်။ အခြားသော သတင်းများအရ ထိုင်းစစ်တပ်သည် သံချပ်ကာယာဥ်များ အသုံးပြုကာ ဘန်ကောက်မြို့လယ်ရှိ ဆန္ဒပြသူများ တပ်စွဲထားရာ နေရာများကို ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။ ထို့အပြင် မေလ (၁၉)ရက်နေ့က ဆန္ဒပြသူ အနည်းဆုံး နှစ်ဦးနှင့် နိုင်ငံခြား သတင်းထောက် တဦးတို့ သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သတင်းများက ဆိုသည်။ အခြားနိုင်ငံခြား သတင်းထောက် နှစ်ဦးလည်း ကျန်ဆံထိကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

M-16 သေနတ်များ ကိုင်ဆောင်ထားသည့် စစ်သည်များသည် ပထမအဆင့် စစ်ရေး ရည်မှန်းချက် ဖြစ်သော ဆန္ဒပြသူများ ထိန်းချုပ်ထားရာ နေရာများကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီ ဟုလည်း ထိုင်းအစိုးရ တာဝန်ရှိသူ တဦးက မေလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာထားသည်။

ယ​ခု နောက်​ဆုံး​ရ​ ​သ​တင်း​အ​ရ​ ​ဘန်​ကောက်​မြို့​နှင့်​ ​အ​နီး​ ပတ်ဝန်း​ကျင်​မြို့​များ​ ​​မြောက်​ဘက်​နှင့်​ ​အ​နောက်​မြောက်​ဘက်​ ပြည်​နယ်​များ​ကို​ ​ည​ ​၈​ ​နာ​ရီ​မှ​ ​မ​နက်​ ​၆​ ​နာ​ရီ​အ​ထိ​ ​ကာ​ဖျူး​ အ​မိန့်​ထုတ်​ပြန်​ လိုက်​ပြီ​ဖြစ်​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here