အမေရိကန် အလှမယ်ဘွဲ့ကို ပထမဆုံး အကြိမ်အဖြစ် အာရပ်နွယ်ဖွား မွတ်ဆလင် အလှမယ်ရရှိ

alt

ယခုနှစ်၊ အမေရိကန် အလှမယ် ရွေးချယ်ပွဲတွင် အာရပ်နွယ်ဖွား​ အသက် (၂၄)နှစ် အရွယ် မစ်ချီဂန်မယ် က အနိုင် ရရှိသွားသည်။ ရီမာဖာကီသည်​ မေလ (၁၆)ရက်နေ့ ပြိုင်ပွဲကြီး အတွင်း သူမ၏ပြိုင်ဖက် (၅၀)ကို ဖြတ်ကျော်ကာ​

အမေရိကန် အလှမယ်ဘွဲ့ ရရှိသွားခြင်း ဖြစ်သည်။

ဖာကီသည် လက်ဘနွန်ဖွား​ တဦးဖြစ်ပြီး သူမ ငယ်စဥ် ကတည်းက အမေရိကန်နိုင်ငံ နယူးယောက်သို့​ မိသားစုလိုက် ပြောင်းရွှေ့လာခဲ့သည်။ (၂၀၀၃)ခုနှစ် တွင်မူ ဖာကီနှင့်​ မိသားစုသည် သူမ ကျောင်းတက်ရန် မစ်ချီဂန်တွင် အခြေချ နေထိုင်ခဲ့သည်။ ဖာကီက​ သူမ အနေနှင့် ပြိုင်ပွဲဝင်ရန် ငွေကြေး မလုံလောက်ခြင်းကြောင့် ကားကိုပါ​ ရောင်းခဲ့ရကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။ သူမသည်​ အိုကလာဟိုးမား မယ်နှင့် အကြိတ်အနယ် ယှဥ်ပြိုင် အရွေးခံခဲ့ရခြင်း ဖြစ်သည်။​ ဖာကီသည် ပထမဆုံး အာရပ်နွယ်ဖွား၊ မွတ်ဆလင် ဘာသာဝင်နှင့် အမေရိကန် ပြင်ပတွင်​ မွေးဖွားသူ အမေရိကန် အလှမယ် ဟုတ်မဟုတ် ကိုမူ မှတ်တမ်း မပြည့်စုံမှုကြောင့်​ အတည်မပြု နိုင်ကြောင်း ပြိုင်ပွဲ တာဝန်ခံများက ဆိုသည်။

သူမသည် အမေရိကန်​ အလှမယ်တဦး၏ ရသင့်ရထိုက်သော အထူး အခွင့်အရေးများကို​ ပိုင်ဆိုင်မည် ဖြစ်ပြီး နွေရာသီတွင် ကျင်းပပြုလုပ်မည့် မယ်စကြင်္ာဝဠာ​ ရွေးပွဲသို့လည်း အမေရိကန် ကိုယ်စားပြု ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမည်ဟု​ သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here