IVF နည်းပညာသုံး သားသမီး ရယူမှုကြောင့် ဘာသာရေး အဆိုအမိန့် များကို ပြန်လည် သုံးသပ်စရာ ဖြစ်လာ

alt

IVF နည်းပညာဖြင့် သားသမီး ရယူမှုမှာ သမားရိုးကျ အခြေ အနေမျိုး အဖြစ် အသုံးများ လာခြင်းသည် လိင်မှုကိစ္စနှင့် ပတ်သက်ပြီး ဘာသာရေး အဆိုအမိန့် များကို ပြန်လည် သုံးသပ်စရာ ဖြစ်လာ စေနိုင်ကြောင်း ပညာရှင်များက ပြောကြား ခဲ့ကြသည်။

ပြင်ပတွင် မျိုးအောင်ကာ ကိုယ်ဝန်ရစေသည့် နည်းလမ်းကို အနောက်နိုင်ငံ များတွင် အသုံးများ လာခြင်းကြောင့် အနာဂတ် ကာလတွင် လိင်မှုကိစ္စ ဆိုသည်မှာ အပျင်းပြေ စိတ် အပန်းဖြေသည့် အပြုအမူ တခု အဖြစ်သာ ပြောင်းလဲရောက်ရှိ လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။

ခရစ်ယာန် ဘာသာရေးတွင် လိင်မှုကိစ္စ ဆိုသည်မှာ သားသမီး ရရှိအောင် ဆောင်ရွက်မှု အဖြစ် ခွင့်ပြု ဖော်ပြထားသော်လည်း Brave New World ကဲ့သို့ စိတ်ကူးယဥ် သိပ္ပံစာအုပ်တွင် ပါရှိသကဲ့သို့ ကလေးတိုင်းသည် သီးသန့် မျိုးဖောက်စက်များမှ မွေးဖွားလာသည့် ကိစ္စမျိုး အနာဂတ် ကာလတွင် အမှန်တကယ် ဖြစ်လာနိုင်ကြောင်း ဩစတြေးလျနိုင်ငံ၊ မားဒေါ့တက္ကသိုလ်မှ ဒေါက်တာဂျွန်ယိုဗစ် က ဆိုသည်။ ၎င်းက အနာဂတ် ကာလတွင် စုံတွဲများ သည် လိင် ဆက်ဆံခြင်းကို ကလေးယူရန် အဓိက နည်းလမ်းအဖြစ် အသုံးပြုတော့မည် မဟုတ်ဟု ယုံကြည် ထားကြောင်း ပြောဆိုသွားခဲ့သည်။

တနည်းအားဖြင့် လိင်ဆက်ဆံခြင်းနှင့် မျိုးပွားခြင်းသည် အနာဂတ်တွင် သီးခြားစီ ဖြစ်သွားမည်ဟု ​၎င်းက လက်ခံထားသည်။ IVF ကဲ့သို့ နည်းလမ်းများ အသုံးပြုခြင်းသည် သမားရိုးကျ လိင် ဆက်ဆံခြင်းထက် ကလေး ရရှိရန် ရာနှုန်းပြည့် ပိုသေချာစေခြင်း ကြောင့်လည်း ကလေးလိုချင်သော စုံတွဲများသည် ယင်း နည်းလမ်းများကို တွင်တွင် ကျယ်ကျယ် အသုံးချ လာနိုင်ကြောင်း ဒေါက်တာယိုဗစ်က ရှင်းပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here