၃၇နှစ်ကြာ ကွဲကွာနေသည့် သားအဖနှစ်ဦး Facebook ကျေးဇူးဖြင့် ပြန်လည်ဆုံတွေ့

alt

၃၇နှစ်ကြာ ကွဲကွာနေပြီးနောက် သားအဖ နှစ်ဦးသည် ကမ္ဘာ ကျော် Social Networking​ ဝဘ်ဆိုဒ်ကြီး Facebook ကြောင့် ပြန်လည် ဆုံတွေ့ခွင့် ရရှိခဲ့သည်။

ဂရေဟမ် ကောဘက်သည် ၎င်း၏ သားဖြစ်သူ အန်ဒီ စပိုင်ရာ ကောဘက်အား (၂)နှစ်သား အရွယ် ကတည်းက မတွေ့မမြင် ရတော့ချေ။ သို့သော်လည်း အသက်(၃၇)နှစ် ရှိပြီဖြစ်သည့် အန်ဒီ စပိုင်ရာ သည် ဖခင်အား ယမန်လက Facebook တွင် ပြန်လည် ရှာဖွေနိုင်ခဲ့သည်။

ဗြိတိန်နိုင်ငံ၊ လီဆက်တွင် နေထိုင်သည့် အန်ဒီစပိုင်ရာက ၎င်းသည် ဂရေဟမ် ကောဘက်ပေါင်း (၁၅)ဦးလောက် အနက်မှ ဖခင်အား ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားသွားသည်။ ယင်း မတိုင်မီက Social Media​ အတော် များများတွင် ရှာဖွေခဲ့သော်လည်း ဖခင်ကို ခြေရာခံနိုင်ခဲ့ခြင်း မရှိဟု ၎င်းကဆိုသည်။ အသက် (၆၀)အရွယ် ဂရေဟမ် ကမူ သားဖြစ်သူအား မထင်မှတ်ဘဲ ပြန်တွေ့သည့်အတွက် အလွန် ကြည်နူးလျက် ရှိသည်။

ယခုကဲ့သို့ သားအဖ နှစ်ဦး နှစ်ပေါင်း များစွာကြာမှ ပြန်ဆုံတွေ့ရသည့် ခံစားချက်သည် ထူးခြားလှကြောင်း၊ ယခင်က ခက်ခက်ခဲခဲ ရှာဖွေနေသည် များနှင့် နှိုင်းယှဥ်ပါက Facebook ထံမှ ရရှိသည့် အကူအညီသည် လွယ်ကူ လွန်းလှကြောင်းလည်း အန်ဒီစပိုင်ရာ က မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here