ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ရုရှားနှင့်စပိန်တို့ ဒိုင်လူကြီးများကို လာဘ်ထိုးခဲ့ဟု ဆို​ခဲ့​သ​ဖြင့်​ FA အ​ကြီး​အ​ကဲ​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​လိုက်​ရ

alt

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)အကြီးအကဲ လော့ထရစ်စမန်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် စပိန်နှင့် ရုရှားတို့သည် ဒိုင်လူကြီးများအား လာဘ်ထိုးမှုများ ရှိခဲ့ကြောင်း ​၎င်း​နှင့်​ လူ​မ​ှု​ရေး​ အ​ငြိ​အ​စွန်း​များ​ ​ဖြစ်​ခဲ့​သော​

Melissa Jacobs ဆို​သည့်​ ​၃၇​ ​နှစ်​အ​ရွယ်​ အ​မျိုး​သ​မီး​ကို​ ​ပြော​ပြ​ခဲ့​သည်​။​ ​၎င်း​​ အ​မျိုး​သ​မီး​မှ​ ​ထို​သ​တင်း​ကို​ ​သ​တင်း​ဌာ​န​ များ​အား​ ​ပြော​ပြ​လိုက်​ပြီး​နောက် ​လော့​ထ​ရစ်​စ​မန်​မှာ​ ၎င်း၏ရာထူးမှ နှုတ်ထွက် သွားခဲ့ရကြောင်း သိရသည်။

ထရစ်စမန်က ယခုနှစ် နွေရာသီတွင် တောင်အာဖရိက နိုင်ငံအတွင်း ကျင်းပပြုလုပ်မည့် ဘောလုံး ပြိုင်ပွဲကြီးအတွက် ရုရှားနှင့်စပိန် ဘောလုံး အဖွဲ့ချုပ်များက မရိုးသားသော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပါတ်ကုန်က စွပ်စွဲခဲ့သည်။ ထိုကိစ္စ အတွက် ၎င်းအပေါ် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ထရစ်စမန်သည် (၂၀၁၈)ခုနှစ်၊ အင်္ဂလန်တွင် ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေး လှုပ်ရှားမှုအဖွဲ့ အကြီးအကဲ နေရာမှ ဦးစွာ နှုတ်ထွက်ခဲ့ရသည်။ ထို့နောက် နာရီပိုင်းမျှ အကြာ မေလ (၁၆)ရက်နေ့တွင်မူ FA ၏ အဆင့်မြင့် ရာထူးကိုပါ စွန့်လွှတ်လိုက်ရခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ထရစ်စမန်က ၎င်းသည် စည်းမစောင့်မှု၏ သားကောင်တဦး ဘဝ ရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုကိစ္စသည် သီးသန့်စကားဝိုင်း တခုတွင် ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ သို့သော်လည်း မယုံကြည်ရသော မိတ်ဆွေများ မှတဆင့် မီဒီယာများထံ ရောက်သွားသည့်အခါ ၎င်းအတွက် ယခု အခြေအနေမျိုး ကြံုလာရကြောင်း စွပ်စွဲ ပြောကြားသွားသည်။ FA က ထရစ်စမန် နှုတ်ထွက်ကြောင်းကို ကြေညာခဲ့ သော်လည်း အခြားသီးသန့် သတင်း ထုတ်ပြန်မှုမျိုး ပြုလုပ်ရန် ငြင်းဆိုထားဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here