အာဖဂန် စစ်မြေပြင်ရောက် အမျိုးသမီး စစ်သည်များ ကိုယ်ဝန်ရှိမှု များပြားလာနေ

alt

အာဖဂန်နစ္စတန် ရှေ့တန်း စစ်မျက်နှာတွင် တာဝန် ထမ်းဆောင် နေသည့် အမျိုးသမီး စစ်သည်များတွင် ကိုယ်ဝန်ရှိမှု အခြေအနေ အကြီးအကျယ် မြင့်မား လာပြီးနောက်

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အမျိုးသမီး စစ်မှုထမ်း အားလုံး ကွန်ဒုံး ဆောင်ထားကြရန် ညွှန်ကြားလိုက်သည်။

ထို့အပြင် စစ်သားများ အနေနှှင့်လည်း အမျိုးသမီး စစ်သည်များနှင့် လိင် ဆက်ဆံသည့်အခါ ကွန်ဒုံးကို သုံးရမည်ဟု ပါရှိသည်။ ကိုယ်ဝန် ရှိလာခြင်းဖြင့် မလိုလားအပ်သော အခြေအနေများ ဖြစ်လာနိုင်ပြီး စစ်သည် အမျိုးသမီးများ တာဝန်မှ ရပ်စဲခံရခြင်းကဲ့သို့ ကိစ္စများ ဖြစ်လာနိုင်ခြင်းကြောင့် ယခုလို စီစဥ်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ စစ်ပွဲဇုန်အတွင်း ကိုယ်ပိုင် အခွင့်အရေးဖြင့် လိင် ဆက်ဆံခြင်းမှာ တားမြစ်ရန် မဖြစ်နိုင်သည့် အခြေအနေ တရပ် ဖြစ်သော်လည်း ကိုယ်ဝန် မရှိအောင်မူ တားဆီးသင့်သည်ဟု ဖော်ပြထားသည်။

ဥပဒေအရ မိခင်လောင်း တဦးသည် စစ်မြေပြင်တွင် ရှိမနေသင့်ဟု ဖော်ပြထားခြင်းကြောင့် ချက်ချင်းနေရပ်သို့ ပြန်ပို့ ရလေ့ရှိရာ စစ်တပ် အတွက်လည်း အခက်အခဲများ ဖြစ်လာနိုင်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနသည် ပထမဆုံးအဖြစ် အာဖဂန်မှ ဘေစတီယန် စစ်အခြေစိုက် စခန်းသို့ ကွန်ဒုံးများ စတင် ပို့ပေးလိုက်ပြီ ဖြစ်သည်။ ယင်း အခြေစိုက် စခန်းတွင် စစ်သည် (၈၅၀၀)ရှိရာ (၇၀၀)သည် အမျိုးသမီးများ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here