​မြန်​မာ​နိုင်ငံ​ အ​တွင်း​ ဩ​ဂုတ်​လ​ အ​ထိ​ ​အ​ပူ​ချိန်​ မြင့်​မား​မည်

alt

မြန်​မာ​နိုင်ငံ​ အ​တွင်း​ ​အယ်လ်​နီ​ညို​ ဖြစ်​ထွန်း​မှု​၏​ ​အ​ကျိုး​ဆက်​ကြောင့်​ ​​၂၀၁၀​ ​ဒုတိယ​ လေး​လ​ပတ်​ကုန်​ ဩ​ဂုတ်​လ အ​ထိ​ ​မိုး​နည်း​ပြီး​ ​ဆက်​လက်​ ပူ​ပြင်း​နေ​မည်​ဟု​ ​မိုး​လေဝ​သ​ ပ​ညာ​ရှင်​ ဒေါက်​တာ ဦး​ထွန်း​လွင်​မှ ​ပြော​ဆို​ခဲ့​သည်​။​

ဒေါက်​တာ ဦး​ထွန်း​လွင်​ ​က​ ​အ​ပူ​ချိန်​ မြင့်​တတ်လာ​မှု​ ဖြစ်​ရ​ခြင်း​သည်​ ​မိုး​မ​ရွာ​ခြင်း​မှ စ​တင်​ခြင်း​ ဖြစ်​ပြီး​၊​ ​လေ​ထု​ထဲတွင်​ ​ရေ​ငွေ့​ ပါ​ဝင်​မှု​နှုန်း​ လျော့​နည်း​ကာ​ ​ခြောက်​သွေ့​နေ​ခြင်း​ကြောင့်​ ဖြစ်​ကြောင်း​၊​ ​မိုးတိမ်​​တောင် မ​ဖြစ်​​သ​ဖြင့် ​မိုး​ရွာ​သွန်း​မှု မ​ရှိ​ခြင်း​ကြောင့်​ဖြစ်​ကြောင်း ရှင်း​ပြ​ခဲ့​သည်​။​

ယ​ခု​ကဲ့​သို့ ပူပြင်း​​ရ​ခြင်း​၏​ ​အ​ကြောင်း​ရင်းကို​ ​ရှာ​ကြည့်​​သောအ​ခါ​ ​ကောင်း​ကင်​​၌​ ​မိုး​တိမ်​တောင်​များ ​မ​ရှိ​သည့် အ​တွက်​ ​နေ​​၏ အ​ပူ​ချိန်​ဒဏ်​ကို​ ​မိုး​တိမ်​များ​ မှ​တ​ဆင့်​ ​ကမ္ဘာ​ မြေ​ပြင်​ပေါ်​​သို့​ ကျ​ရောက်​ခြင်း​မျိုး​အ​တွက် ​ကြား​ခံ​မိုး​တိမ်​များ​ မ​ရှိ​နေ​ခြင်း​သည်​လည်း​ ​အ​ပူ​ချိန်​ မြင့်​တတ်​ခြင်း​ ဖြစ်​စေ​သ​ကဲ့​သို့​၊​ ​နာဂစ်​ မုန်​တိုင်း​ဒဏ်​ကြောင့်​ ​သစ်​ပင်​ကြီးငယ်​များ​ ပြို​လဲကုန်​ခြင်း​ကြောင့်​ ​သစ်​ရိပ်​ဝါး​ရိပ်​ မ​ရှိ​ခြင်း​ က​လည်း ​အ​ပူ​ချိန်​ မြင့်​မား​စေ​ရန်​ ​အထောက်​ အကူ​ပြု​ကြောင်း​၊​ ​တိုက်​ခတ်​နေ​သည့်​ ​လေ​များ​မှာ ​လေ​အေး​များ​ မ​ဟုတ်​သည့်​အ​တွက်​ ​လူ​​ပေါင်း​များ​စွာ ​နေ​ပူ​ဒဏ်​၊​ ​လေ​ပူ​ဒဏ် ခံ​စား​ကြ​ရ​ပြီး​ ​သက်​ကြီး​ရွယ်​အို​များ​၊​ ​က​လေးငယ်​များ​ ​အ​ပူ​ဒဏ်​ကြောင့်​ ​အ​သေ​အ​ပျောက်များ​ ​ဖြစ်​ပွားခဲ့​ရ​ခြင်း​ဖြစ်​ကြောင်း​ ​ပြော​ဆို​ခဲ့သည်​။​

​ယ​ခု​ ကာ​လ​သည်​ ​မိုး​ကြို​ ကာ​လ​ဖြစ်​နေ​သည့်​ အ​ပြင်​ အ​ပူ​ချိန်​ ​ဆက်​လက်​ မြင့်​တတ်​နေ​သည့်​​ ကာ​လ​အ​တွင်း​ ​မြန်​မာ​နိုင်ငံ​သို့ အ​နောက်​ဘက်​ ​ဘ​င်္ဂလား​ ပင်​လယ်​အော်​မှ​ ​ရေ​ငွေ့​များ​ ပါ​ဝင်​သည့်​ ​​လေ​များ​ ဝင်​ရောက်​နိုင်​ သ​ကဲ့​သို့​ မြောက်​ဘက်​ ​ဟိ​မ​ဝ​န္တာ​မှ ​လေ​အေး​များ​ ကလည်း​ ​စ​တင်​ ဝင်​ရောက်​နိုင်​ကာ​ ​လက်​ရှိ​ ​အ​ပူ​ချိန်​ မြင့်​မား​နေ​ခြင်း​များ​နှင့်​​ ပေါင်း​စပ်​ပြီး​ ​မိုး​တိမ်​တောင်​များ​ ဖြစ်​ထွန်း​လျက်​ ​တ​နာ​ရီ​ ​မိုင်​ ​၃၀​ ​မှ​ ​၄၀​ ​ခန့်​အ​ထိ​ ​လေ​ပြင်း​များ​တိုက်​ခိုက်​ပြီး​ ​မိုး​ကြိုး​ပစ်​မှု​များ​​ ကြံု​တွေလာ​ရနိုင်​ကာ​ ​နေ​ရာ​ကွက်​ကြား ​မိုး​ရွာ​သွန်း​မှု​များ ​ရှိ​လာနိုင်ကြောင်း​၊​ ​အ​ပူ​ဓာတ်​ ရှိ​နေ​သ​ဖြင့် ​ရေ​ငွေ့​ပါ​သော​ ​လေ​ဝင်​ရောက်​မှု​ နည်း​သည့်​အ​ပြင်​ ​ယ​မန်​နှစ်​က​ ​အယ်လ်​နီ​ညို​ အ​ရှိန်​ဖြင့် ​ရေ​ငွေ့​ပါ​​သော လေ​များ​ကြောင့်​ ​မိုး​ရွာသွန်း​နိုင်​သည့်​​ ဒေ​သ​များ​သည် အ​ရှေ့​ဘက်​သို့ ရွေ့​သွား​နိုင်​​ကြောင်း​၊​ ​မြန်​မာ​နိုင်ငံ​အ​တွင်း​​၌ မိုး​တိမ်​တောင်​များ​သည်​ ​အောက်​ခံ​မြေ​ပူ​ပြင်း​မှု​ကြောင့်​ ​ပူ​​ ပွ​ ​ပေါ့​ဖြစ်​စဥ်​ဖြင့်​ ဖြစ်​လာ​နိုင်​ကာ​ ​မြန်​မာ​နိုင်ငံ​ မြောက်​ပိုင်း​ဒေ​သ​များ​​၌​ ​အ​ပေါ်​တွင်​ လေ​အေး​ရှိ​နေ​သည့် ​အောက်​ခံ​မြေ​ပြင်​သည်​ ​တ​ဖြည်း​ဖြည်း​ ပူ​ပြင်​းလာ​မှု​ကြောင့်​ ​ပူ​ပြီး​ပေါ့​သော​လေ​က​ ​အ​ထက်​ရောက်​​၊​ ​အေး​ပြီး​လေး​သော​လေ​က​ ​အောက်​ရောက် ဆိုသကဲ့​သို့​ ​ဖြစ်​လာ​ရ​ပြီး​ လေ​ထု​ကို​ မ​တည်​ငြိမ်​မှု​ Vertical​ Instability​ ဖြစ်​စေ​တတ်​ကြောင်း​လည်း​ ပြော​ဆို​ခဲ့​သည်​။ ​

အောက်​ခံ​မြေ ​ပူ​ပြင်း​တတ်​ပြီး​ ​အ​ထက်​အောက်​ လေ​ထု​ ​မ​တည်​ငြိမ်​မှု​ ဖြစ်​စေ​တတ်​သည့်​ ​နွေ​ရာ​သီ​နှင့် ​မိုး​ကြို​ကာ​လ​များ​တွင်​ ​မိုး​တိမ်​တောင်​များ​ အ​များ​ဆုံး​ ဖြစ်​လာ​တတ်​ကာ​ ​လေ​ပြင်း​ တိုက်​ခိုက်​မှု​များ​၊​ ​လေ​ဆင်​နှာ​မောင်း​ ​တိုက်​ခိုက်​မှု​၊​ ​မိုး​ကြိုး​ပစ်​မှု​များ​၊​ ​စိုက်​ဆင်း​လေ​ပြင်း​များ​ ​တိုက်​ခိုက်​မှု​ ဖြစ်​​ပေါ်တတ်​သ​ဖြင့်​ ​လူ​အများ​​၏​ အ​သက်​ အ​န္တရာယ်​အ​တွက်​ ​သွား​သတိ ​လာ​သ​တိ​​ ရှိ​သင်​့ကြောင်း​ ​သ​တိ​ပေး​ ပြော​ကြား​ခဲ့​သည်​။​ ​မုန်​တိုင်း ​လမ်း​ကြောင်း​နှင့်​ တွက်​မည်​ဆို​လျင်​ ​မြစ်​ဝ​ကျွန်း​ပေါ်​​ဒေ​သ​၌ ​မုန်​တိုင်း​ တ​ကြိမ်ဝင်​ ပြီး​နောက် ​နောက်​ထပ်​ တ​ကြိမ်​ဝင်​​ရောက် တတ်​သည့် ​သ​ဘော​မျိုး​ မ​ဟုတ်​ပဲ ​ကြို​တင်​သ​တိ​ထား​ သင့်​ကြောင်း​၊​ ယ​ခု​ ကာ​လ​သည်​ ​၂၀၀၈​ ​ခု​နှစ်​ ​မေ​လ​ ရာ​သီဥ​တု​မျိုး​နှင့်​ ​ဆင်​တူ​နေ​ပြီး​ ​ပူ​ပြင်း​သည့် သ​ဘော​အ​ပြင်​ ​အယ်လ်​နီ​ညို​ ပုံ​စံ​မျိုး​ပါ​ ​တူ​နေ​သည့်​အ​တွက်​ ​သ​တိ​ထား​ရ​မည်​ ဖြစ်​ကြောင်း​​ ထည့်​သွင်း​ ပြော​ဆိုခဲ့​သည်​။​

အယ်လ်​နီ​ညို​​ ​အား​ပျော့​လာ​နေ​သည်​ ဆို​သော်​လည်း​ ​သ​မု​ဒ္ဒ​ရာ​ရေ​ ​အ​ပူ​ချိန်​​များ​က​ ​ကြား​ကာ​လ​ကို​ ပြောင်း​နေ​ပြီး​ ​မေ​၊​ ​ဇွန်​​၊ ​ဇူ​လိုင် သုံး​လ​ အ​တွင်း​ ​ပင်​လယ်​ရေ​ ပုံ​မှန်​အ​တိုင်း​ ရောက်​ပြီး​ ​လေ​ထူ​အ​ပူ​ချိန်​က​ ​ပုံ​မှန်​ ရောက်​မ​ရောက်​ ​မပြော​နိုင်​သေး​သည့်အ​တွက်​ ​၂၀၁၀​ ဒု​တိ​ယ​ လေး​လ​ပတ်​ကုန် ​ဩ​ဂုတ်​လ​ အ​ထိ​ ​မိုး​နည်း​ကာ​ ​ဆက်​လက် ​ပူ​ပြင်း​နေ​မည်​ ဖြစ်​ကြောင်း​​ အ​သိ​ပေး​​ ပြော​ဆို​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here