ထိုင်းနိုင်ငံ အရေး ကြားဝင်ဖြေရှင်း ပေးရန် ဘုရင်မင်းမြတ် အား ပန်ကြား

alt

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ခေါင်းဆောင်များက ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအား နိုင်ငံရေး ကိစ္စအတွင်း ကြားဝင်ညှိနှိုင်းပေးပါရန် ပန်ကြားလိုက်သည်။

ထိုင်းပြည်သူ အတော်များများကလည်း အနီဝတ် ဆန္ဒပြသူများနှင့် အစိုးရကြား အကြီးအကျယ် တင်းမာနေသည့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ အသက်(၈၂)နှစ်အရွယ် ဘုရင်မင်းမြတ်သာ ဖြစ်နိုင်ကြောင်း ယုံကြည်နေကြသည်။

သို့တိုင်အောင် ဘုရင်မင်းမြတ်သည် မည်သည့်မှတ်ချက်မျှ မပေးသေးသလို ဆန္ဒပြသူများအား ဝန်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက ရွေးကောက်ပွဲ ကျင်းပရန် ကတိပေးပြီး ပြန်လည်ရုတ်သိမ်းခဲ့မှုကို ဝေဖန်ခြင်း မရှိချေ။ အနီဝတ် တပ်ဖွဲ့များ၏ ခေါင်းဆောင်ဖြစ်သူ ဂျူတာပွန် ပရွမ်ပန်က ဘုရင်မင်းမြတ်သည်အနေနှင့် ပြည်သူကြား ထွက်ပေါ်ကာ စစ်တပ်များက ဆန္ဒပြသူများကို အသေပစ်သတ်နေခြင်းအား တားမြစ်ပေးသင့်ကြောင်း တောင်းဆိုလိုက်သည်။

နန်းစံသက် နှစ်(၆၀)ရှိပြီဖြစ်သည့် ဘုရင်ကြီးသည် ကမ္ဘာပေါ်တွင် ထီးနန်းသက် အကြာဆုံး ဘုရင်ကြီးအဖြစ် မှတ်တမ်းဝင်နေသည်။ ​၎င်းသည် အဆုတ်တွင် အနည်းငယ် ချွတ်ယွင်းမှုကြောင့် ဆီရီရက်ဆေးရုံတွင် သွားရောက်ကုသမှု ခံယူခဲ့ရသေးသည်။ ထိုင်းတော်ဝင်မိသားစု၏ တာဝန်ရှိသူများက ဘုရင်မင်းမြတ်သည် တရားရုံးတော်၏ အဆုံးအဖြတ်ကို ယုံကြည်မှု အပြည့်ရှိနေပြီး နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ဖွယ် မရှိဟု ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here