မိုက်ကယ်ဂျက်ဆင် အုတ်ဂူတွင် ပန်းစည်း ချပေးကြရန် ဇနီးဟောင်းက ပန်ကြား

alt

မိုက်ကယ်ဂျက်ဆင်၏ ဇနီးဟောင်း ဖြစ်သူက ကွယ်လွန်သူ Pop ဘုရင်ကြီး၏ အုတ်ဂူတွင် ပန်းစည်းများ လာချပေးပါရန် ဂျက်ဆင်၏ ပရိသတ်များကို ပန်ကြား လိုက်သည်။

(၁၉၉၄) မှ (၁၉၉၆)ခုနှစ် အထိ ဂျက်ဆင်နှင့် ပေါင်းသင်းခဲ့သော လီဆာမာရီယာ ပရက်စလေ က ကယ်လီဖိုးနီးယားရှိ ဖော်ရက်စ်လောင်း သင်္ချိုင်းမြေမှ ဂျက်ဆင်၏ အုတ်ဂူတွင် ပန်းစည်းများ လုံးဝ မရှိသည်ကို မြင်ခဲ့ရသည့် အခါ အထူးပင် ရင်နာမိကြောင်း ပြောကြားခဲ့သည်။

ဂျက်ဆင်၏ ပရိသတ်များအား ရည်စူးသော အိတ်ဖွင့်ပေးစာတွင် ကမ္ဘာကျော် အဆိုတော်ကြီး အဲဗစ်ပရက်စလေ၏ သမီးက သူမနှင့် သားငယ်ဖြစ်သူ ရိုင်လီ တို့သည် ဖော်ရက်စ်လောင်းသို့ ရောက်ရှိခဲ့ရာ ဂျက်ဆင်၏ အုတ်ဂူတွင် ပန်းတစည်းပင် မရှိသည်ကို မြင်ရသည့် အတွက် ကြေကွဲစွာ ခံစားခဲ့ရကြောင်း ပါရှိခဲ့သည်။ ထို့ကြောင့် ဂျက်ဆင်အား မမေ့သေးသော ပရိသတ်များ အနေနှင့် ဖယောင်းတိုင် လေးများ၊ လက်ဆောင် လေးများနှင့် ပန်းစည်းလေးများ ပို့ပေးပါရန် လီဆာက ပန်ကြားခဲ့သည်။

ဂျက်ဆင်အား ပရိသတ်များ အားလုံး ချစ်ခင်နေဆဲဟု မိမိ ယုံကြည်ကြောင်း၊ ဂျက်ဆင်သည် ပရိသတ် များနှင့်အတူ ထာဝရ ရှင်သန်နေဆဲ ဖြစ်ကြောင်း စာအတွင်း ရေးသားထားသည်။ ဂျက်ဆင်သည် ပြီးခဲ့သည့်နှစ် ဇွန်လက အသက် (၅၀) အရွယ်တွင် နှလုံး ဖောက်ပြန်မှုဖြင့် ကွယ်လွန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here