လေဆာရောင်ခြည် စတင်တီထွင် အသုံးပြုမှု အနှစ် ငါးဆယ်ပြည့်

alt

ကမ္ဘာပေါ်တွင် လေဆာရောင်ခြည် စတင်တီထွင် အသုံးပြုမှုမှာ ရွှေရတု ကာလသို့ ရောက်ရှိတော့မည် ဖြစ်သည်။

ယခုအချိန်တွင် DVD ခွေများ Read နှင့် Write ပြုလုပ်ခြင်း၊ လေယာဥ်များအား လမ်းကြောင်း ပြခြင်း၊ သွားများကို ဖာထေး ပြုပြင်ခြင်းနှင့် Fiber Optic ကြိုးများမှ သတင်း အချက်အလက် များ ပေးပို့ခြင်း အပါအဝင် နယ်ပယ် အသီးသီးတွင် အသုံးပြု နေသည့် လေဆာရောင်ခြည် စတင် တီထွင်နိုင်မှုမှာ လာမည့် သီတင်းပါတ်တွင် အနှစ်(၅၀) တင်းတင်း ပြည့်မြောက် တော့မည် ဖြစ်ကြောင်း သိရှိရသည်။

လေဆာအား စတင် တီထွင်ချိန်က သေမင်း ရောင်ခြည်ဟု အမည်တပ်ခဲ့ပြီး အရှုပ်အထွေး အတော်များများ အတွက် ဖြေရှင်းချက် အဖြစ်လည်း ရှုမြင်ခဲ့ကြသည်။ လေဆာ နည်းပညာကို (၁၉၁၇) ခုနှစ်က နာမည်ကျော် သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်း က အခြေခံအဖြစ် စတင် လေ့လာခဲ့ပြီး (၁၉၅၄) ခုနှစ်တွင် ချားတောင်းနက်နှင့် ၎င်း၏ တပည့်များက နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်တွင် ပထမဆုံး အကြိမ် လက်တွေ့ စမ်းသပ်ခဲ့သည်။ ယနေ့ခေတ်သုံး လေဆာ ရောင်ခြည်ကိုမူ ကယ်လီဖိုးနီးယားရှိ မာလီဘူ မှ Hughes သုတေသန ဓာတ်ခွဲခန်းတွင် အောင်မြင်စွာ တီထွင် နိုင်ခဲ့သည်။ တောင်းနက်သည် ထိုလေဆာ နည်းပညာကို တီထွင် ပေါက်မြောက်ခဲ့သည့် အတွက် (၁၉၆၄) ခုနှစ်တွင် နိုဘယ်ဆု ချီးမြှင့် ခံခဲ့ရသည်။

လူသားမျာအား အကြီးအကျယ် အကျိုးဖြစ်ထွန်းစေသည့် လေဆာနည်းပညာ တီထွင်အောင်မြင်ရာ နေ့ရက်အဖြစ် ဓာတ်ခွဲခန်းတွင် လေဆာကို စမ်းသပ် အတည်ပြုနိုင်ခဲ့သည့် (၁၉၆၀)ခုနှစ်၊ မေလ (၁၆)ရက် နေ့ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ လေဆာရောင်ခြည်သည် ယခုထိတိုင်အောင် လူသုံးကုန်စည် အမျိုးမျိုးအပြင် စစ်ဖက်နှင့် ဆေးပညာ နယ်ပယ် အပါအဝင် ကဏ္ဍပေါင်း အမြောက်အမြားတွင် အကြီးအကျယ် အထောက်အကူ ပြုသည့် နည်းပညာ တခုအဖြစ် အောင်မြင်နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here