ဒေးဗစ်ဝီလျံ မင်္ဂလာပွဲ ချစ်သူဟောင်းများ တက်ရောက်

alt

ဒေးဗစ်ဝီလျံ၏ လက်ထပ် မင်္ဂလာပွဲသို့ ၎င်း၏ ချစ်သူဟောင်း နှစ်ဦးလုံး တက်ရောက် ခဲ့ကြောင်း သိရသည်။ Little Britain စတား ဒေးဗစ်သည် မော်ဒယ်တဦး ဖြစ်သည့် လာရာစတုန်း နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး

ထိုပွဲသို့ နာတာလီ အင်ဘရူဂလီရာနှင့် ဒင်းနစ်ဗန်အူတန်တို့ အတူတကွတွဲပြီး တက်ရောက်လာကြသည်။ သူမတို့ နှစ်ဦးစလုံးသည် ဒေးဗစ်၏ ချစ်သူဟောင်းများ ဖြစ်ကြသော်လည်း ခါးသီးသော ဆက်ဆံရေးမျိုး မရှိဘဲ မိတ်ဆွေများသဖွယ် လာရောက်ခဲ့ခြင်းဖြစ်သည်။

အခြားမင်္ဂလာပွဲတက် ပရိသတ်များအနက် နာမည်ကျော်များအဖြစ် ဂျိုနသန်ရော့နှင့် ဇနီးဖြစ်သူ ဂျိမ်းဂိုးမန်း၊ ဂျိမ်းကော်ဒါန်၊ ရော့ဘရိုင်ဒွန်၊ မင်းသမီး ဘာဘရာဝင်ဆာနှင့် Pet Shop Boys အဖွဲ့ဝင်​ဟောင်း နေးတန်နက်၊ တွမ်ဖို့နှင့် နာမည်ကျော် ဟာသသရုပ်ဆောင် ရွန်နီကောဘတ်တို့ ပါ၀င်ကြသည်။ ထို့အပြင် ဒေးဗစ်၏ မိခင်ဖြစ်သူ ကက်သလင်းလည်း ရောက်ရှိလာခဲ့သည်။ ဒေးဗစ်နှင့် လာရာတို့သည် အင်္ဂလန် FAဖလားကို ဗိုလ်စွဲဆွတ်ခူးခဲ့သည့် ချဲလ်ဆီးအသင်းနှင့်အတူ ၀င်ဘလေကွင်းကြီးတွင် အောင်ပွဲခံခဲ့သေးသည်။

မေလ(၁၆)ရက်နေ့တွင်မူ ယင်းတို့စုံတွဲသည် ကိုယ်ပိုင်အောင်ပွဲအဖြစ် မင်္ဂလာပွဲလေးကို စိတ်တူကိုယ်တူ ကျင်းပခဲ့ခြင်းဖြစ်သည်။ အသက်(၃၈)နှစ်ရှိ ဒေးဗစ်နှင့် (၂၆)နှစ်အရွယ် လာရာတို့၏ မင်္ဂလာပွဲကို ကလာရစ်ဟိုတယ် အပြင်ဖက်တွင် သီးသန့်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် သတို့သား အရံအဖြစ် ​ရော်​ဘင်​ဒ​ရှ်​ဝုဒ်နှင့်အတူ Little Britainတွင် ပါဝင်သည့် မတ်လူးကက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here