သောကြာကြယ်ကြီး လ ကိုဖောက် မြန်မာပြည်သူ ဒုက္ခရောက်နိုင်​ဟု​ ပြော​ဆို​နေ​ကြ

alt

ယနေ့ (တနင်္ဂနွေနေ့) ညနေ ရနာရီခွဲ ခန့်တွင် သောကြာကြယ် လကို ဖောက်ထွက် သွားသည့် မြင်ကွင်းကို မြန်မာ​နိုင်ငံမှ​ တွေ့မြင်ခဲ့​ ကြရသည်။ ဤကဲ့သို့ တွေ့မြင် ရခြင်းကို

ဗေဒင်နှင့် နက္ခတ်ဗေဒ ဝါသနာရှင် များ၏ အဆိုအရ​ –

  • မင်းပြောင်းမင်းလွှဲ ဖြစ်နိုင်ခြင်း
  • တိုင်းပြည်၌စစ်မက်ထူပြော နိုင်ခြင်း
  • တိုင်းသူပြည်သားများ အသေအပျောက်များနိုင်​ခြင်း​များ​ ​ဖြစ်နိုင်ကြောင်း သိရပြီး၊

မဟာတိတ်ထုံကျမ်း အဆိုအရ သဘာဝဘေး ကပ်ကြံုရနိုင်သည်။

  • နိုင်ငံရေးမကောင်း
  • မင်းပြောင်း မင်းလွှဲ ဖြစ်နိုင်
  • မင်းသေကိန်း
  • ပြည်ပျက်ကိန်း
  • ကပ်ဆိုက်ကိန်းမျိုး အပါအဝင် မိန်းမဖျက်​၍ ပြည်ပျက်မယ့် အထိ ဖြစ်လာနိုင်ကြောင်း ပညာရှင်များက တွက်ချက်​ ဟောကိန်း ထုတ်ကြသည်။

သော​ကြာ​ကြယ်​ကြီး​ ​လ​နှင့်​နီး​က​ ​ပြည်​ကြီး​တစ်​ဖုံ​ပျက်​ကိန်း​ကြံု​ဟု​​ ​နိ​မိတ်​သ​ဘော​ရှိ​ကြောင်း​လည်း ​သိ​ရ​ပါသည်​။

အလားတူ ဖြစ်ရပ်မျိုးကို သီပေါမင်း ပါတော်မူစဥ်က တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ​​ လပိုင်းအ​တွင်​း မြန်မာပြည်​​ထဲတွင် မင်းပြောင်း မင်းလွှဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်ကြောင့် မြန်မာပြည် အတွင်း သဘာဝ ဘေးကပ်ဆိုးများ ကြံုရဖွယ် ရှိနိုင်ကြောင်း၊ လနှင့်ကြယ်နီးလျှင်​ပင် … တိုင်းသူပြည်သားများ ပူဆွေး သောက ရောက်ရနိုင်ကြောင်း ဗေဒင်နှင့် နက္ခတ်ဗေဒ ဝါသနာရှင် ကိုမင်းသူရိန် က ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here