တရုတ်ကျောင်း တကျောင်းတွင် ဓားဖြင့် တိုက်ခိုက်ခဲ့သူအား သေဒဏ်ချမှတ်

alt

တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ တခုမှ တရားရုံး တရုံးက ကလေးငယ် (၂၉)ဦးနှင့် ဆရာဆရာမ (၃)ဦးကို ဓားဖြင့်ထိုးခဲ့သူ လူရမ်းကား အကြမ်းဖက် သမားအား သေဒဏ် ချမှတ်လိုက်ပြီဟု သိရသည်။

ဂျင်းဆုပြည်နယ်ရှိ တီယန်ဂျင်းခရိုင်ရှိ တီဇင်း တရားရုံးတွင် နေ့ဝက် ကြားနာမှု ပြုလုပ်ပြီးနောက် ဇူယူယွမ်သည် ဓားထိုးမှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ သေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဧပြီလ အတွင်းက တီဇင်းရှိ ကျောင်းတကျောင်းတွင် ယခုလို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဓားထိုးခံရသူ (၃၁)ဦးလုံး ကံကောင်း ထောက်မစွာဖြင့် အသက်ရှင်ခဲ့ကြောင်း သိရသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ယင်း တိုက်ခိုက်မှုသည် တရုတ်ပြည်သူများ အကြား တင်းမာမှုကို ဖြစ်စေကြောင်း ဝန်ခံခဲ့သည်။ တရုတ်တွင် ပြီးခဲ့သည့် နှစ်လအတွင်း ကျောင်းများကို ဦးတည်ကာ ဓားထိုး တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး ဒါဇင်နှင့်ချီ သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။

ပညာရေး ဝန်ကြီးဌာနက ယခုအခါ ကျောင်းတိုင်းကို လုံခြံုရေး အဆင့်မြှင့်မှုများ ပြုလုပ်ရန် အမိန့်ထုတ် ထားပြီးဖြစ်သည်။ သို့သော်လည်း ကျောင်းများအနီး လုံခြံုရေး ဝန်ထမ်းများ တိုးမြှင့်ခန့်ထားမှုသည် မည်မျှအထိ အကျိုး ဖြစ်ထွန်းမှုရှိနိုင်ပြီး အကြမ်းဖက်မှုကို မည်သည့် အတိုင်းအတာနှင့် ကာကွယ်နိုင်မည်ဆိုသော အချက်မှာမူ သက်သေပြရန် ခဲယဥ်းနေသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here