ဒုတိယမြောက် ဖလားတစ်လုံး ချဲလ်ဆီး ဆွတ်ခူး

alt

ချဲလ်ဆီး အသင်းအတွက် ယခု ရာသီအတွင်း ဒုတိယမြောက် ဖလားကို ရရှိသွားပြီ ဖြစ်သည်။ FA ရှုံးထွက်ဖလား ဗိုလ်လုပွဲတွင် ပို့မောက်စ် အား အနိုင်ယူ ပြီးနောက်

အင်္ဂလန် ပရီးမီးယား လိဂ်ဖလား ချန်ပီယံသည် အင်္ဂလန်၏ တန်ဖိုး အကြီးဆုံး ဆုဖလား (၂)လုံးစလုံးကို တစ်နှစ်တည်း ရယူ နိုင်ခဲ့သည်။

မေလ (၁၅)ရက်နေ့ ဗိုလ်လုပွဲစဥ်တွင် ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်ဆုရှင် ဒီဒီရာဒရော့ဘာက ဒုတိယပိုင်း အတွင်း ရရှိသည့် Free Kick မှတဆင့် ကန်သွင်း သွားခဲ့သည်။ ပရီးမီးယား လိဂ်တွင် တန်းဆင်း သွားရသည့်တိုင် FA ဖလားအပေါ် အထူး အာရုံစိုက်ထားသည့် ပို့စ်မောက်သည် နာမည်ကျော် အသင်းကြီးအား စိတ်ဓာတ်ခွန်အား အပြည့်ဖြင့် ယှဥ်ပြိုင်ခဲ့သော်လည်း ဂျွန်တယ်ရီ ဦးဆောင်သည့် ချဲလ်ဆီး ခံစစ်ကြောင်း၏ မာကျောမှုကြောင့် ချေပဂိုး မသွင်းနိုင်ဘဲ အရှံုး​ပေးခဲ့ရသည်။

ချဲလ်ဆီးနည်းပြ ကာလို့စ် အန်ဆယ်လော့တီသည် ယခုနှစ် ဘောလုံးရာသီ အစကမှ ချဲလ်ဆီးသို့ ရောက်လာပြီး ဥရောပ ချန်ပီယံလိဂ်မှ စောစီးစွာ ထွက်ခွာခဲ့ရသည့်တိုင် အသင်းအတွက် အင်္ဂလန်မှ အဓိကဖလား (၂)လုံးအား ဆွတ်ခူး ပေးနိုင်သည့် အတွက် သူရဲကောင်း ဖြစ်လာခဲ့သည်။ ချဲလ်ဆီးသည် FA ဖလားကို (၄)နှစ်အတွင်း (၃)ကြိမ်မြောက် ရရှိခြင်း ဖြစ်ပြီး ဖလား(၂)လုံး တပြိုင်တည်း ဆွတ်ခူးမှုမှာမူ ကလပ် သမိုင်းတွင် ပထမဆုံး ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here