MS Office 2010 စတင်ထုတ်ဝေ

alt

နည်းပညာ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် Google ထက် ခြေတလှမ်း အသာ ရစေမည့် ရည်ရွယ်ချက်ဖြင့် Microsoft က Office 2010 အား မေလ (၁၂)ရက်နေ့ တွင် စတင် ထုတ်ဝေလိုက်ပြီ ဖြစ်သည်။

ယင်းသည် Google Dos ကို ယှဥ်ပြိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူ များကဆိုသည်။

Office 2010​ တွင် အခမဲ့ Online Component​ တခု ပါဝင်လာပြီး ယင်းကို Office Web Apps​ ဟု အမည်ပေးထားသည်။ ယင်းသည် Facebook​ ကဲ့သို့ ကမ္ဘာကျော် ဝဘ်ဆိုဒ် များတွင် Office​ ၏ ဝန်ဆောင်မှုကို သုံးစွဲနိုင်ရန် စီစဥ်ပေးထားသည်။ Gartner​ မှ လေ့လာသူ တဦးဖြစ်သည့် ဝှစ်အင်ဒရူး က Office 2010​ သည် Google​ အတွက် ခြိမ်းခြောက်မှု တခု ဖြစ်လာမည်မှာ သေချာကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ယင်းကုမ္ပဏီကြီး နှစ်ခုလုံးသည် နည်းပညာ ဈေးကွက်တွင် နေရာရရေးအတွက် အကြိတ်အနယ် ယှဥ်ပြိုင်နေဆဲ ဖြစ်သည်။ Microsoftသည် Office 2010 ကို Business​ နှင့် Home user​ များအတွက် ရည်ရွယ်တီထွင် ထားခြင်းဖြစ်သည်။ ယခင်က ရုံးသုံး​ Software​ ကဏ္ဍတွင် Microsoft Office​ က ကြီးစိုးထားသော်လည်း Google​ က ယင်း စံနစ်မျိုးကို အခမဲ့ပေးကာ ယှဥ်ပြိုင်ရန် ကြိုးပမ်းလာပြီးနောက် ယင်းတို့ကြားမှ ပြေးပွဲသည် ပိုမိုအရှိန်ကောင်း လာခဲ့သည်။ ထို့အပြင် Micrsoft​ နှင့် Google​ တို့သည် Web Browser​ လောကတွင်လည်း အကြိတ်အနယ် ယှဥ်ပြိုင်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here