မသေဆုံးမီ ၆နှစ် ကတည်းက မိုက်ကယ်ဂျက်ဆင် စိတ်ဖိစီးမှု ခံစားခဲ့ရကြောင်း တွေ့ရှိရ

alt

မိုက်ကယ်ဂျက်ဆင် မသေဆုံးမီ (၆)နှစ်မျှ ကတည်းက Pop ဂီတဘုရင်ဟု တင်စားခံရသည့် အဆိုတော်ကြီးတွင် စိတ်ဖိစီးမှု အမြောက်အမြား ရှိနေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိ လာခဲ့ရသည်။

ဂျက်ဆင်က အမည်မသိ သူငယ်ချင်း တဦးထံ ဖုန်းဆက်ပြီး အလိုအလျောက် အသံသွင်း ဖြေကြားစက်သို့ ပြောကြားထားသည့် စကားများ ယခုအခါ ထွက်ပေါ်လာခဲ့ရာ ယင်းတွင် ဂျက်ဆင်အနေနှင့် အီတလီမာဖီးယား ဂိုဏ်းများနှင့် ဆက်နွယ်နေကြောင်း အပြင် နာမည်ကျော် နဲဗားလန်း ခြံကျယ်ကြီးကို စွန့်ခွာလိုကြောင်းများ ပါရှိနေသည်။

ဩဇာ ကြီးမားပြီး လူသိများသော သတင်းထောက် တဦးဖြစ်သည့် ဒါဖင်းဘာရတ်မှာ အဆိုပါ အသံသွင်းတိပ်ကို ရရှိလာခြင်း ဖြစ်ပြီး The Sun သတင်းစာသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဂျက်ဆင်သည် အသက် (၅၀)အရွယ်တွင် ပြီးခဲ့သည့် ဇွန်လ အတွင်းက နှလုံးဖောက်ပြန်မှု ဝေဒနာဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဘားရတ်က ဂျက်ဆင်သည် ကာလ ရှည်ကြာစွာ ဆေးကုသမှုများ ခံယူပြီးနောက် စိတ်ပိုင်းဆိုင်ရာ ဘေးထွက် ဆိုးကျိုးများ ထိတွေ့ ခံစားခဲ့ရဟန် ရှိကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ဂျက်ဆင်၏ အရင်းနှီးဆုံး မိတ်ဆွေအချို့ထံမှ ယခင် ကတည်းက ထိုကိစ္စအတွက် သဲလွန်စအချို့ ရခဲ့ကြောင်း၊ ယခု မိမိရလာသည့် အသံသွင်း တိပ်ခွေကမူ ယင်း အယူအဆကို ပိုမိုခိုင်မာ လာစေကြောင်း ဘာရတ် က ဆိုသည်။ ယင်း တိပ်ခွေသည် (၂၀၀၃)ခုနှစ်က အသံသွင်း ထားခြင်းဖြစ်ပြီး ဂျက်ဆင်က ၎င်း၏ အသက်အတွက် အလွန်စိုးရိမ် နေကြောင်း အစရှိသည့် သွေးရူးသွေးတန်း စကားသံများ ပါရှိနေသည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here