ဂျွန်တယ်ရီ၏ဖခင် ကိုကင်း ဖြန့်ဖြူးမှုအတွက် အပြစ် ရှိကြောင်း တရားရုံး ဆုံးဖြတ်

alt

ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ ဖခင်ဖြစ်သူမှာ ကိုကင်း ဖြန့်ဖြူးမှု အတွက် အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေး အတည်ပြု လိုက်သည်။

အင်္ဂလန် လက်ရွေးစင် အသင်း၏ ခံစစ်မှူးနှင့် အသင်း ခေါင်းဆောင်လည်း ဖြစ်သည့် တယ်ရီ၏ ဖခင် တက်တယ်ရီမှာ အဆင့် (A) ရှိ အမျိုးအစား ကောင်းသော ကိုကင်းများ ဖြန့်ဖြူးနေကြောင်း လန်ဒန်မြို့ တရားရုံး တစ်ခုက အတည်ပြု ဆုံးဖြတ် လိုက်သည်။

အသက် (၅၆) နှစ်ရှိ တက်သည် အလုပ်အကိုင် မရှိသူ တစ်ဦးဖြစ်ပြီး ၎င်းသည် ဝယ်သူ တစ်ဦးအား ကိုကင်း (၃) ဂရမ် ပေးနေသည်ကို လုံခြံုရေး ကင်မရာတွင် မှတ်တမ်းတင်ခဲ့ပြီးနောက် တရားစွဲ ဆိုခြင်း ခံခဲ့ရသည်။ News of the World သတင်းစာက ထိုကိစ္စအပေါ် တက်က ထုတ်ဖော်ဝန်ခံခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တက်က သတင်းထောက်များသည် မိမိအား ဝယ်သူပုံစံမျိုး ဟန်ဆောင်ကာ အကွက်ဆင်ခဲ့ကြောင်းလည်း စွပ်စွဲထားသည်။ ယင်းကိစ္စအတွက် တက်သည် ချားဖို့ဟန်ဒရက်ရှိ Unit 4ဘားတွင် အဖမ်းခံရပြီးနောက် အာမခံဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

တက်သည် လက်ရှိအချိန်တွင် သားဖြစ်သူ ဝယ်ပေးထားသည့် ပေါင်စတာလင် နှစ်သိန်းငါးသောင်းတန် နေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။ တက်၏အမှုအတွက် နောက်ထပ်ရုံးချိန်းကို ဇွန်လ(၁)ရက်နေ့အဖြစ် သတ်မှတ်ထားကြောင်း ဘာစီဒွန်ကရောင်း တရားရုံးက ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here