လောင်းကြေး ရခါနီးမှ ကွယ်လွန်သွားသည့် ကင်ဆာ ရောဂါရှင်

alt

၎င်းအနေနှင့် အသက် ဆက်ရှင်မည်  ဟူသော လောင်းကြေး အတွက် စ​တာ​လင်ပေါင်​ (၁၀၀၀၀)မျှ အနိုင် ရထားသည့် ကင်ဆာ ရောဂါရှင် တဦးသည်

နောက်ထပ်​ ပေါင် (၁၀၀၀၀) ထပ်ရရန်​ ရက်အနည်းငယ် အလိုတွင် ကွယ်လွန် သွားကြောင်း သိရှိရသည်။

ရင်ဝမ်းခြား ကြွက်သားတွင် ကင်ဆာ ရောဂါကို အပြင်းအထန် ခံစား နေရသည့် ဂျွန်မက် သရူးသည် ၎င်းအနေနှင့် နောက်တနှစ် အသက်ဆက်ရှင်လျှင် ပေါင် (၅၀၀၀) ရရှိမည်ဟု​ ဗြိတိသျှ လောင်းကစားဒိုင် ဝီလျံဟေးတွင် (၅၀/၁) လေးဖြင့် လောင်းကြေး ထပ်ထားသည်။ (၂၀၀၇) ခုနှစ်၊ ဇွန်လ (၁)ရက်နေ့က လောင်းကြေး စ ထပ်ထားသည့် အတွက် ဂျွန်သည် (၂၀၀၈)နှင့် (၂၀၀၉)ခုနှစ်​ ဇွန်လများတွင် ပေါင်စတာလင် (၅၀၀၀)စီ နှစ်ကြိမ်ရရှိထားပြီး​ ဖြစ်သည်။

ထို့နောက်တွင် အသက်(၅၉)နှစ်ရှိ ဂျွန်သည် လောင်းကြေးကို နှစ်ဆတိုးကာ ယခုနှစ် ဇွန်လ( ၁)ရက်နေ့ အထိလည်း အသက်ရှင် ရမည်ဟု လောင်းလိုက်ခြင်း ဖြစ်သည်။ ထို့အတွက် ဂျွန်သည် ဒိုင်ထံသို့ ပေါင်(၁၀၀) ပေးရပြီး (၁၀၀/၁)လေးဖြင့်​ အနိုင်ရလျှင် ပေါင်(၁၀၀၀၀)ထိ ရရှိမည် ဖြစ်သော်လည်း မေလ (၁၀)ရက်နေ့က​ အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ရှိုင်းယားရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ ရှာသည်။​ ဆရာဝန်များက ဂျွန်သည် (၂၀၀၇)ခုနှစ် ကတည်းက ကွယ်လွန်မည်ဟု​ ခန့်မှန်း ထားသော်လည်း ယင်းက လက်မခံနိုင်ကြောင်း ငြင်းဆန်က ယခုလို လောင်းကစားခဲ့ခြင်း ဖြစ်သည်။

ဝီလျံဟေး လောင်းကစားဒိုင်မှ ဂရေဟမ်ရှပ်က ဂျွန်၏ အလောင်းအစားသည် အလွန် ထူးဆန်းကြောင်း၊ သို့သော်လည်း ရောဂါဒဏ်ကို​ ကြံ့ကြံ့ခံ နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် လောင်းကြေးထပ်မှုအား​ ဂုဏ်ပြုသည့် အနေနှင့် လက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here