Porn ပုံရိပ်များကို အတိုင်းအတာတစ်ခုအထိ Wikipedia ခွင့်ပြုမည်

alt

Onlineစွယ်စုံကျမ်း ဝဘ်ဆိုက်ကြီးဖြစ်သော Wikipediaသည် Pornပုံရိပ်များကို သင့်လျော်သော အတိုင်းအတာထိ Wikimedia Commonsအမည်ရှိ Featuresတွင် ခွင့်ပြုသွားမည်ဟု ကြေညာခဲ့သည်။

Wikipediaကို တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သော ဂျင်မီဝေးက မိမိတို့သည် ယခင်က Pornပုံရိပ်တိုင်းကို ဝဘ်ဆိုက်မှ ဖယ်ရှားပိတ်ပင်ခဲ့ကြောင်း၊ သို့သော်လည်း အချို့သော ပုံများသည် လိင်မှုဆေးပညာနှင့် ဆက်စပ်၍ လိုအပ်သည့်အတွက် ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ထိုပုံများကို ဖယ်ရှားလိုက်သည့်အခါ စေတနာ့ ဆောင်းပါးရှင်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပြီး ယင်းတို့ကို ဦးစွာအသိပေးပြီးမှ ထိုသို့ပြုလုပ်သင့်သည်ဟု တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးနောက် သင့်တော်သော အတိုင်းအတာထိ Wikimedia Commonsတွင် ထည့်သွင်းခွင့် ပေးသွားမည်ဟု ဂျင်မီက ပြောကြားခဲ့သည်။ Foxသတင်းဌာနက Wikimedia Commonsတွင် ပါဝင်လာမည့် အဆိုပါ ပုံရိပ်များ၏ သင့်လျော်မှု ပမာဏကို မိမိတို့က ထိန်းသိမ်းစောင့်ကြည့်ပေးမည်ဟု ကြေညာထားသည်။ ထိုအချိန်တွင် Appleကမူ iPadနှင့် iPhoneတို့အတွက် Appleစတိုးတွင် ၀င်ရောက်ရောင်းချထားသော Appalicationများအတွင်း Pornအသားပေးမှုများ ပါဝင်ခြင်းအား လိုက်လံစိစစ် ပိတ်ပင်လျက်ရှိသည်။ သို့သော်လည်း ဖက်ရှင်မဂ္ဂဇင်းကဲ့သို့သော Applicationများကိုပါ ပိတ်ထားမှုကြောင့် Appleသည်လည်း ဝေဖန်မှုများ ခံနေရသည်။

Apple၏ CEOဖြစ်သူ စတိဂျော့ကမူ ကလေးများပါ ကိုင်တွယ်သုံးစွဲနေသည့် iPhoneနှင့် iPodများအတွင်း Pornနှင့်ဆက်စပ်သည့် အရာများ ရည်ရွယ်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ကုမ္ပဏီ၏ မူဝါဒနှင့် ပတ်သက်ပြီး ကာကွယ်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here