ရှပ်နီဝတ်ဆန္ဒပြသူများအား ကမ်းလှမ်းထားမှု ထိုင်းဝန်ကြီးချုပ်အဘီဆစ် ပြန်လည်ရုတ်သိမ်း

alt

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက ဆန္ဒပြ နေသူများအား နောက်ဆုံး သတ်မှတ်ချိန်ထိ အိမ်ပြန်ရန် ငြင်းဆို နေပြီးနောက် ၎င်း ကတိ ပြုထားသည့် နိုဝင်ဘာလ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးရန် သဘော တူညီမှုကို ပြန်လည် ရုတ်သိမ်း လိုက်ပြီ ဖြစ်သည်။

နှစ်လ လုံးလုံး ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအား ဖိနှိပ်ရန်အတွက် အဘီဆစ်က ဆန္ဒပြသူများ တပ်စွဲထားရာ နေရာများသို့ လျှပ်စစ်မီးနှင့် ရေပေးဝေမှု ရပ်ဆိုင်းမည်ဟု ကြိုတင်ရာဇသံ ပေးထားပြီးဖြစ်သည်။ အဘီဆစ်၏ အထွေထွေ အတွင်းရေးမှူးက ဝန်ကြီးချုပ်သည် ဆန္ဒပြမှုများအား ပိုမိုပြတ်သားသော နည်းလမ်းဖြင့် နှိမ်နင်းရန် စဥ်းစားနေပြီဟုလည်း သတိပေးခဲ့သည်။ မူလက မေလ(၁၃)ရက်နေ့အား နောက်ဆုံးရုတ်သိမ်းပေးရန် ဆန္ဒပြသူများအား အဘီဆစ်က တောင်းဆိုထားသော်လည်း အနီဝတ် ဆန္ဒပြသူများက ၎င်းတို့အနေနှင့် ဒုတိယဝန်ကြီးချုပ် ဆူသက်သောင်ဆူဘန်အား ဥပဒေအရ အရေးမယူပေးပါက ပိတ်ဆို့တပ်စွဲထားသည့် နေရာများကို စွန့်ခွာမသွားဟု တဆင့်တက် တောင်းဆိုလာခြင်းဖြစ်သည်။

ဆူသက်သည် ဧပြီလအတွင်း လူပေါင်း(၂၅)ဦး သေဆုံးခဲ့သော အဓိကရုဏ်းများအတွက် အဓိက တာဝန်ရှိနေသူဟု အနီဝတ်များက စွပ်စွဲထားသည်။ ထိုင်းပြည်သူ အများစုကမူ ကာလရှည်ကြာစွာ မပြီးပြတ်နိုင်သော ဆန္ဒပြမှုများကြောင့် အလုပ်ပျက်အကိုင်ပျက် ဖြစ်နေခြင်းအား စိတ်ကုန်နေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here