လက်ဝှေ့ကျော်မိုက်တိုင်ဆန် သတ်သတ်လွတ်စားသူဖြစ်လာ

alt

တစ်ချိန်က ပြိုင်ဖက်ဖြစ်သူ၏ နားရွက်ကို လက်ဝှေ့ပွဲတစ်ခုအတွင်း ကိုက်ဖြတ်ခဲ့သူ မိုက်တိုင်ဆန်တစ်ယောက် အသားဟင်းလျာများကို စိတ်ကုန်သွားပြီဟု​ ဆိုသည်။

လက်ဝှေ့ချန်ပီယံဟောင်း တိုင်ဆန်သည် ယခုအခါ သတ်သတ်လွတ်စားသူ တစ်ဦးဖြစ်လာပြီဟု သိရှိရသည်။

ထိုသို့သော အလေ့အကျင့်သည် မိမိ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည့်အပြင် ယခုအခါ တိုက်ခိုက်ရေး စွမ်းရည်များပင် ပြန်ရကာ ကြံ့ခိုင်မှုအပြည့် ရှိနေပြီဟု ထင်မှတ်မိကြောင်း နယူးယောက်မြို့တော် ဘီဗီလီဟေးတွင် ညစာလာစားသည့် တိုင်ဆန်အား Yes Networkက အင်တာဗျူးရာတွင် ထည့်သွင်းပြောကြားသွားသည်။ တိုင်ဆန်သည် တိရစ္ဆာန်အ​သား အစားအသောက်များအပြင် တိရစ္ဆာန်ထွက် အသုံးအဆောင်များကိုပါ ရှောင်ကြဥ်သည့် Veganism ဝါဒသမား တစ်ဦးဖြစ်လာခဲ့ခြင်းဟု သိရသည်။ အသက်(၄၃)နှစ်အရွယ် တိုင်ဆန်က သတ်သတ်လွတ်စားခြင်းသည် မိမိဘဝတွင် အပူအပင်များကို လျော့နည်းသွားအောင် အလေ့အကျင့် ဖြစ်စေခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ၎င်းအနေနှင့် လက်ဝှေ့လောကတွင် ကျင်လည်စဥ်က ကြံုတွေ့ခဲ့ရသည့် အနိမ့်အမြင့်၊ အတက်အကျများအတွက် မည်သို့မျှ စိတ်ထဲတွင် ထူးခြားမှု မရှိတော့ပါဟု တိုင်ဆန်ကဆိုသည်။ တိုင်ဆန်သည် နေဗီပြာရောင် ညနေခင်းဝတ်စုံကို ခပ်လျော့လျော့ တီရှပ်နှင့် တွဲဖက်ဝတ်ဆင်ကာ မေလ(၁၂)ရက်နေ့က ဘီဗီလီဟေးတွင် တတိယဇနီး လာဟီကာစပင်ဆာနှင့်အတူ ညစာလာစားခြင်းဖြစ်သည်။

တိုင်ဆန်က သတ်သတ်လွတ်စားခြင်းသည် အဆီများကို ဖယ်ရှားပေးနိုင်ပြီး နေ့စဥ်နေ့တိုင်း အားကစားရုံတွင် လေ့ကျင့်မှု ပြုလုပ်နေခြင်းက ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တိုင်ဆန်သည် ယခင်က နာမည်ပျက်များစွာ ရှိခဲ့သူဖြစ်ပြီး အလှမယ် ဒေစီရီဝါရှင်တန်အား မုဒိမ်းကျင့်ခဲ့မှုအတွက် ထောင်ဒဏ်(၃)နှစ်လည်း ကျခံဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here