ကော်ဖီသောက် နားချိန် ပေးခြင်းက ဝန်ထမ်းများ အလုပ်တွင် ပိုမိုကြိုးစား လာစေနိုင်

alt

ရုံးများတွင် ကော်ဖီသောက် နားချိန် ပေးခြင်းသည် ဝန်ထမ်းများ အား အလုပ် လုပ်ရာတွင် ပိုမိုကြိုးစား အားထုတ်အောင် လှုံ့ဆော် ပေးနိုင်ကြောင်း သုတေသနပြု စစ်တမ်းတခုက ဖော်ပြခဲ့သည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ သမပိုင်းဇုန် ဆေးပညာနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု လေ့လာရေး ဌာနက ကော်ဖီတွင် ပါဝင်သည့် ကဖိန်းဓာတ်သည် အလုပ်သမား များ၏ အလုပ် လုပ်ချင်စိတ်ကို ပိုမိုတွန်းအား ပေးကြောင်း ဖော်ပြထားသည်။

ကိုချာရိန်း လိုက်ဘရီ ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားမှု အရ ညအိပ်ညနေ အလုပ် လုပ်ရသည့် လုပ်သားများ အတွက်လည်း ကော်ဖီသည် အလုပ် လုပ်ချင်စိတ်ကို တွန်းအားပေးပြီး မှတ်ဉာဏ်ကို တိုးပွားစေကာ အမှားအယွင်း နည်းပါးသွားစေကြောင်း သိရှိရသည်။ သုတေသီများသည် သီးခြား သုတေသန လုပ်ဆောင်မှု (၁၃)ခုကို ပြုလုပ်ကာ အများအားဖြင့် အသက်(၂၀) ဝန်းကျင် လုပ်သား အင်အားစုထံ စုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သုတေသန လုပ်ငန်းများတွင် စေတနာအလျောက် ပါဝင်သည့် လူငယ် လုပ်သားများအား ကော်ဖီ သောက်ခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းခွင်တွင် အကျိုးဖြစ်ထွန်းမှု မည်သို့မည်ပုံ ရှိနေသည်ကို စံနစ်တကျ သဘောထား ကောက်ခံ စစ်တမ်းပြုစုခဲ့ခြင်း ဖြစ်သည်။

လန်ဒန် သုတေသနအဖွဲ့တွင် ပါဝင်သည့် ဒေါက်တာ ကက်သရင်းကားလ် က ယခု တွေ့ရှိချက်က ကဖိန်း ဓာတ်သည် လူတဦး၏ အလုပ်အကိုင် စွမ်းရည်ကို လှုံ့ဆော် တိုးပွားစေကြောင်း အတည်ပြု ဖော်ထုတ်နိုင်ခဲ့ပြီး အလုပ်ခွင်အတွက် အနုတ် လက္ခဏာဆောင်သော ယုတ်လျော့မှုများကို တားဆီးပေးကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here