မက္ကစီကို ပင်လယ်ကွေ့တွင် ရေနံ ယိုစိမ့်မှုအား ရှင်းလင်းရန် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ကူညီ

alt

ဟောလီးဝုဒ် ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းကင်မရွန်က မက္ကစီကို ပင်လယ်ကွေ့တွင် ဖြစ်ပွားနေသည့် ရေနံယိုစိမ့်မှု များအား ရှင်းလင်း ပေးရန် ကိုယ်ပိုင် ရေငုပ်သင်္ဘော တစင်း ထောက်ပံ့ ကူညီပေးမည်ဟု

တာဝန်ရှိသူ များအား ကမ်းလှမ်းလိုက်သည်။

Avatarနှင့် Titanic ဇာတ်ကားများကို ဂန္တဝင် လက်ရာအဖြစ် ဖန်တီး ပေးလိုက်သော အော်စကာဆုရှင် ဒါရိုက်တာကြီးမှာ ဘီလျံနာ သူဌေးကြီး တဦးဖြစ်ပြီး ၎င်းကိုယ်ပိုင် ရေနက်သွား ယာဥ်ငယ်လေးအား အသုံးပြုခွင့် ပေးရန် ယခုလို ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။ BP က လက်ရှိ ဆောင်ရွက်နေသော ရေနံရှင်းလင်းရေး လုပ်ငန်းများ အတွက် ဘေကယ် ကန်ကြီးအတွင်း ရပ်နားထားသော ဆိုဗီယက် ခေတ်လက်ရာ ရေငုပ်သင်္ဘောလေး ROV အား ထောက်ပံ့ ပေးသွားရန် ကင်မရွန်က ဆန္ဒရှိနေခြင်း ဖြစ်သည်။ ROV သည်ပြုပြင်ရေး ကိရိယာများကို တင်ဆောင်နိုင်စွမ်း ရှိပြီး ရေနံယိုဖိတ်မှု ဖြစ်ပွားနေသည့် ရေနံမျှော်စင်အား ပြန်လည် ပြင်ဆင်ရာတွင် အသုံးဝင်မည်ဟု ကင်မရွန်က ပြောကြားခဲ့သည်။

ကင်မရွန်က ထိုယာဥ်ငယ်လေးကို အမေရိကန် ကာကွယ်ရေး လူလိုက်ပါ မောင်းနှင်သော ရှင်းလင်းရေး ယာဥ်ငယ် အဖြစ် အသုံးချနိုင်မည်ဟု ဆိုသည်။ လတ်တလော တွင်မူ BP သည် ရေနံယိုစိမ့်မှုနှင့် ပတ်သက်ပြီး ဆက်လက် မကျယ်ပြန့်ရန် ထိန်းချုပ်နေရဆဲ ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here