လစ်ဗျား ခရီးသည်တင်လေယာဥ် ပျက်ကျမှု ဆယ်နှစ်သား ကလေးတစ်ဦးသာ အသက်ရှင်ကျန်

alt

မေလ(၁၂)ရက်နေ့က လစ်ဗျားနိုင်ငံ၊ ထရီပိုလီ လေဆိပ်အနီး ပျက်ကျသွားသည့် Airbus ခရီးသည်တင် လေယာဥ်ပေါ်တွင် (၁၀)နှစ်သား ကလေးငယ် တစ်ဦးသာ အသက်ရှင်ခဲ့ကြောင်း သိရသည်။

၎င်းမှလွဲပြီး ကျန်လေယာဥ်ပေါ် လိုက်ပါလာသူ ခရီးသည်နှင့် ဝန်ထမ်း(၁၀၃)ဦးလုံးမှာ သေဆုံးသွားခဲ့ပြီးဖြစ်သည်။ လစ်ဗျားပိုင် လေယာဥ်သည် တောင်အာဖရိကနိုင်ငံမှ ပျံသန်းလာစဥ် ထရီပိုလီ မြို့တော်အနီး ပျက်ကျခဲ့ခြင်းဖြစ်သည်။

ကလေးငယ်မှာ နယ်သာလန် နိုင်ငံသားဖြစ်ပြီး ၎င်း၏အမည် အပြည့်အစုံကိုမူ အာဏာပိုင်များက မကြေညာသေးချေ။ ထို့အပြင် ​၎င်းက​လေးငယ်သည် အရိုးကျိုးကာ ဒဏ်ရာများ ရရှိထားခြင်းကြောင့် ယခုအချိန်ထိ အောက်စီဂျင်ပေး ကုသမှု ခံယူနေရဆဲဟု သိရသည်။ လေယာဥ်သည် မြေကြီးနှင့်ဆောင့်ကာ အပိုင်းပိုင်းကျိုးသွားခဲ့ပြီး ပျက်ကျရမှု အကြောင်းရင်းကို မသိရသေးချေ။ နယ်သာလန်သံရုံးက လေယာဥ်အတွင်း အာဖရိကသို့ အပျော်ခရီးထွက်လာသူ နယ်သာလန် နိုင်ငံသား (၆၀)ကျော် ပါ၀င်ကြောင်း ကြေညာခဲ့သည်။ ကလေးငယ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း ဆရာဝန်များက ၎င်းမည်သည့်နေရာမှ လာသည်ဆိုခြင်းအား ဝိုင်းဝန်းမေးမြန်းသည့်အခါ ဟော်လန်၊ ဟော်လန်ဟု ခပ်တိုးတိုး ဖြေကြားခဲ့သည်။

လေယာဥ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် နယ်သာလန်တွင် အလံများကို တစ်ဝက် လွှင့်ထူကာ ဝမ်းနည်းမှု အထိမ်းအမှတ်ကို ပြသခဲ့သည်။ လစ်ဗျားက လေယာဥ်ပျက်ကျခြင်း၏ အကြောင်းရင်းအား စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here