နည်း​ပ​ညာ​သုံး​ပ​စ္စည်း​များ​က​ ​ဒီ​မို​က​ရေ​စီ​စ​နစ်အ​တွက်​ ​ဆိုး​ရွား​စေ​မည်​ဟု​ ​​အို​ဘား​မား​ယူ​ဆ

alt

အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ကျောင်းသားများနှင့် တွေ့ဆုံစဥ် iPod၊ iPad၊ Xboxနှင့် Play Stationတို့သည် ဒီမိုကရေစီစနစ် အတွက် ဆိုးဝါးမှုများ ဖြစ်ပေါ်စေမည်ဟု

မိမိယူဆကြောင်း ပြောကြားသွားသည်။

သမ္မတကြီးက iPodနှင့် အခြားသော အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများသည် ဒီမိုကရေစီကို ထိပါးစေပြီး နိုင်ငံအတွက် ဖိအားအသစ်တစ်ခု ဖြစ်လာစေကြောင်း ဘွဲ့ကြိုကျောင်းသားများနှင့် တွေ့ဆုံသော အခမ်းအနားတစ်ခုတွင် မှတ်ချက်ပြု ပြောဆိုသွားသည်။ နည်းပညာတွင် အလွန်အကျူး မိန်းမူးသာယာကာ ကိုယ်စွမ်းကိုယ်စ လျော့နည်းလာခြင်းအတွက် သမ္မတက စိုးရိမ်မိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း အိုဘားမား ကိုယ်တိုင်မှာမူ Blackberry စမတ်ဖုန်းကို အလွန်ခုံမင်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ထို့အတွက်လည်း အိုဘားမား၏ ခေတ်ပေါ်ပစ္စည်းများအား ဝေဖန်မှုအပေါ် Twitterမှတဆင့် လက်မခံချင်သူများက တုန့်ပြန်ပြောဆိုကာ သမ္မတကိုယ်တိုင်လည်း Blackberryဖုန်း၏ ပရိသတ်တစ်ဦး ဖြစ်နေခြင်းကို ထောက်ပြထားကြသည်။ ပိုဆိုးသည့် အချက်မှာ အိုဘားမားသည် Facebookတွင် လွှင့်တင်ထားသည့် အိမ်ဖြူတော် Profileတွင် ၎င်းအနေနှင့် iPodတစ်လုံး ဝယ်ယူထားကြောင်း ပြောကြားခဲ့ဖူးသည်။

အိုဘားမားက နည်းပညာသစ်များသည် ဒီမိုကရေစီအတွက် ဖိအားသစ်တစ်ခု ဖြစ်လာနေကြောင်း၊ ယင်းကို တားဆီးရန် မိမိတို့အနေနှင့် အခွင့်အရေး နည်းပါးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here