စမတ်ဖုန်းဖြင့် ထိန်းကြောင်းနိုင်မည့် ကမ္ဘာ့ပထမဆုံး မော်တော်ကား Nissan မိတ်ဆက်

alt

ကားထုတ်လုပ်ရေး လုပ်ငန်းစုကြီး Nissan က စမတ်ဖုန်းဖြင့် ထိန်းသိမ်း ခိုင်းစေမှုများ ပြုလုပ် နိုင်သည့် ကမ္ဘာ့ပထမဆုံး မော်တော်ကားအား မိတ်ဆက် လိုက်သည်။

Nissan ၏ LEAF ဟု အမည် ပေးထားသော လျှပ်စစ်ကားသည် iPhone ဖြစ်စေ၊ HTC ဖုန်းများဖြင့် ဖြစ်စေ ကား အတွင်း အဲကွန်း အတိုး အလျှော့ ပြုလုပ်ခြင်း ကဲ့သို့ လုပ်ဆောင်ချက်များအား ထိန်းချုပ် နိုင်မည် ဖြစ်သည်။

လျှပ်စစ် စွမ်းအားဖြင့် မောင်းနှင်မည့် LEAGFတွင် ပါရှိသော လမ်းညွှန်စနစ်မှာ အလွယ်တကူ Charging ပြန်သွင်းနိုင်သည့် Public စင်တာများကိုလည်း Up to Date ဖော်ပြ ပေးနေမည် ဖြစ်သည်။ Lithium-ion ဘက်ထရီကို အသုံးပြုထားသည့် မော်တော်ကားသည် တစ်ကြိမ် အားသွင်းပြီးပါက မိုင်(၁၀၀)ဆက်တိုက် သွားနိုင်မည် ဖြစ်ပြီး အမြန်နှုန်းကို တစ်နာရီ မိုင်(၉၀)ထိ မြှင့်တင်နိုင်မည်ဖြစ်သည်။ မော်တော်ကားအား တည်ဆောက်ထားမှုအရ တစ်ကြိမ်အပြည့် အားသွင်းလျှင် ငွေကြေး(၂)ပေါင်မျှသာ ကျသင့်မည်ရာ တစ်ကြိမ်အားဖြည့်လျင် ပေါင်(၁၀၀)မျှ ငွေကုန်ကြေးကျရှိသော Ford Mondeoကားထက် များစွာ ငွေကုန်သက်သာစေမည်ဖြစ်သည်။

Nissan၏ ထုတ်ကုန်ဌာနမှ ကျွမ်းကျင်သူ တူရူအဘီက ယခုနည်းစနစ်သည် ယာဥ်မောင်းသူအတွက် အကောင်းဆုံး မိတ်ဆွေတစ်ဦးသဖွယ် ဖြစ်လာစေမည်ဟု ပြောကြားခဲ့သည်။ Nissan၏ LEAFသည် လျှပ်စစ်စွမ်းအင် သီးသန့်ဖြင့် လည်ပတ်မောင်းနှင်သော မော်တော်ကားဖြစ်ရာ ပတ်ဝန်းကျင် ညစ်ညမ်းစေသည့် ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း မရှိပေ။ ယင်းကားတစ်စင်းအတွက် ပေါင်စတာလင် (၂၀၀၀၀)မျှ ကျသင့်ဖွယ်ရှိပြီး (၂၀၁၁)ခုနှစ်တွင် ဗြိတိန်နိုင်ငံအတွင်း စတင်ရောင်းချသွားမည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here