အ​နီ​ရဲ​ရဲ ဝတ်​စုံ​ဖြင့်​လူ​အ​များ ​အာ​ရုံ​ကို​ ဖမ်း​စား​ နိုင်​ခဲ့​သည်​့​ ကက်​သ​ရင်းဇီ​တာ​ဂျံုး

alt

မေ​လ (​၁၁)​ ရက်​နေ့​ည​က ဟော​လီး​ဝုဒ်​မင်း​သ​မီး​ ကက်​သ​ရင်း​ ဇီ​တာ​ဂျံုး​တစ်​ယောက် န​ယူ​းယောက်​မြို့​ အ​ခမ်း​အ​နား​ တစ်​ခု​သို့​ တက်​ရောက်​ခဲ့​ရာ​အ​နီ​ရဲ​ရဲ ဝတ်​စုံ​ဖြင့်​ လူ​အ​များ ​အာ​ရုံ​ကို​ ဖမ်း​စား​နိုင်​ခဲ့​သည်​။

ခင်​ပွန်း​သည်​မိုက်​ကယ်​ဒေါက်​က​လက်​နှင့်​အ​တူ​ရံ​ပုံ​ငွေ​ပွဲ​တစ်​ခု​သို့ ရောက်​ရှိ​လာ​သည့်​ကက်​သ​ရင်း​သည်​ယ​ခင်​က​ထက်​ကိုယ်​အ​လေး​ချိန်​ကျ​ကာ ပိန်​ပိန်​ပါး​ပါး​ဖြစ်​နေ​ကြောင်း​မျက်​မြင်​များ​က​ဆို​သည်​။ ကက်​သ​ရင်း​သည်​ယ​ခု​လ​ပိုင်း​များ​အ​တွင်း​ကိုယ်​အ​လေး​ချိန် ကျ​ဆင်း​သွား​ကြောင်း​ဝေ​ဖန်​ခံ​နေ​ရ​ပြီး​ဘ​ရော့​ဝေး​တွင်​တစ်​ပါတ်​ထဲ (​၈)​ကြိမ်​မျှ​A​Little​Night​Music​ပြ​ဇာတ်​အ​တွက် ဖျော်​ဖြေ​ရ​ခြင်း​စ​သော​အ​လုပ်​ကိ​စ္စ​များ​ကြောင့်​ယ​ခု​လို ကိုယ်​ရည်​စစ်​သွား​ခြင်း​ဖြစ်​နိုင်​ကြောင်း​ခန့်​မှန်း​ချက်​များ​လည်း ထွက်​ပေါ်​လျက်​ရှိ​သည်​။​ကက်​သ​ရင်း​သည်​ရော်​ဘင်​ဟု​ဖောင်​ဒေး​ရှင်း ရံ​ပုံ​ငွေ​ပွဲ​တွင်​ထောက်​ခံ​သည့်​အ​နေ​နှင့်​ခင်​ပွန်း​သည်​နှင့်​အ​တူ မက်​ဟမ်​တန်​သို့​ရောက်​ရှိ​လာ​ရာ​သူ​မ​၏​ဒီ​ဇိုင်း​ဆန်း​ဆန်း ပွဲ​တက်​ဝတ်​စုံ​အ​နီ​ကြောင့်​ရေ​ပန်း​စား​ခဲ့​သည်​။​

ရော်​ဘင်​ဟု ဖောင်​ဒေး​ရှင်း​သည်​ယ​မန်​နှစ်​အ​တွင်း​က​န​ယူး​ယောက်​ရှိ ဆင်း​ရဲ​မွဲ​တေ​မှု​တိုက်​ဖျက်​ရေး​အ​ဖွဲ့​အ​စည်း​(​၂၀၀)​တို့​အ​တွက် ဒေါ်​လာ(​၇၂.​၂)​သန်း​ထောက်​ပံ့​ပေး​နိုင်​ခဲ့​သည်​။​ ယ​ခု​ပွဲ​သို့ ဟော​လီး​ဝုဒ်​မှ​နာ​မည်​ရ​အ​နု​ပ​ညာ​ရှင်​များ​ဖြစ်​သည့် မင်း​သား​မိုက်​ကယ်​ဂျေ​ဖော့စ်​၊​မင်း​သ​မီး​ကယ်​ရီ​ဝါ​ရှင်​တန်​တို့​အ​ပြင် တင်း​နစ်​ချန်​ပီ​ယံ​ဂ​မန်​မက်​ကင်​ရိုး​နှင့်​မာ​သာ​စ​တီး​ဝပ်​တို့​လည်း တက်​ရောက်​ခဲ့​ကြောင်း​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here