ရီး​ရဲလ်​မက်​ဒ​ရစ်​နှင့်​ ​စာ​ချုပ်​သက်​တမ်း​တိုး​ရန်​ ​ဟီ​ဂူ​ရင်း​ငြင်း​ပယ်

alt

ရီးရဲလ်မက်ဒရစ်အသင်းနှင့် စာချုပ် သက်တမ်းတိုး ချုပ်ဆိုခွင့်ကို ဂွန်ဇာလို ဟီဂူရင်းက ငြင်းပယ် လိုက်ခြင်းသည် အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်များဖြစ်သည့်

ချဲလ်ဆီး၊ မန်ချက် စတာယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့အတွက် အချက်ပေး တပ်လှန့်မှု သဖွယ် ဖြစ်လာသည်။ ဟီဂူရင်းသည် ယခုနှစ် ရီးရဲလ်အသင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသော်လည်း ၎င်း၏ လုပ်ခလစာမှာ အခြားသော ရီးရဲလ်နာမည်ကျော်များနှင့် နှိုင်းယှဥ် မရအောင် နိမ့်ပါးနေပြီး တစ်ပါတ်လုပ်ခ ပေါင်(၁၅၀၀၀)သာ ရရှိထားသည်။

(၃၈)ပွဲတွင် (၂၉)ဂိုး သွင်းပေးထားကာ နောက်ဆုံး(၁၂)ပွဲအတွင်း (၁၂)ဂိုး ရထားသည့် အသက်(၂၂)နှစ်အရွယ်အာဂျင်တီးနား လက်ရွေးစင်အား ရီးရဲလ်က စာချုပ်သက်တမ်း တိုးလိုသော်လည်း ၎င်းအနေနှင့် အသင်းမှ နာမည်ကျော်များနှင့် တန်းတူမျှ လုပ်ခလစာပေးရန် တောင်းဆိုထားရာ အပြီးသတ် ညှိနှိုင်းရန် ခက်ခဲနေဆဲဖြစ်သည်။ ဟီဂူရင်းကို အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဘူဂေးရီးယား လက်ရွေးစင် ဒီမီတာဘာဘာတော့ နေရာအတွက် ယူနိုက်တက် နည်းပြကြီး ဆာအလက်ဖာဂူဆန်က အလိုရှိနေသလို ချဲလ်ဆီးနှင့် စီးတီးတို့ကလည်း ၎င်းတို့၏ တိုက်စစ်ကို အင်အားဖြည့်တင်းရန် ဟီဂူရင်းအား စိတ်ဝင်စားလျက်ရှိသည်။

ဟီဂူရင်းသည် ရီးရဲလ်နှင့် (၂၀၁၃)ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here