ထိုင်း​အ​စိုး​ရ​၏​ တောင်း​ဆို​ချက်​ကို ရှပ်​နီ​ဆ​န္ဒ​ပြ​သူ​များ​က​ငြင်း​ဆန်​

alt

မေ​လ(​၁၁)​ရက်​နေ့​က ထိုင်း​အ​စိုး​ရ​၏​ပြန်​လည်​ဆုတ်​ခွာ​ပေး​ရေး​တောင်း​ဆို​ချက်​ကို ရှပ်​နီ​ဆ​န္ဒ​ပြ​သူ​များ​က​ငြင်း​ဆန်​လိုက်​ခြင်း​ကြောင့်​ဘန်​ကောက်​တွင် ဖြစ်​ပေါ်​နေ​သည့်​နိုင်ငံ​ရေး​အ​ရှုပ်​အ​ထွေး​များ​သည်​ပြီး​ပြတ်​မည့် အ​ခြေ​အ​နေ​တွင်​မ​ရှိ​သေး​ချေ​။​

ဘန်​ကောက်​၏​စီး​ပွား​ရေး​အ​ချက်​အ​ခြာ နေ​ရာ​များ​ကို​ပိတ်​ဆို့​ထား​သည့်​အ​စိုး​ရ​ဆန့်​ကျင်​ရေး ဆ​န္ဒ​ပြ​သူ​များ​က​ယ​ခု​အ​ချိန်​ထိ​တိ​ကျ​ပြတ်​သား​သော​သ​ဘော​တူ​ညီ​ချက် မ​ရ​သေး​ကြောင်း​ကြေ​ညာ​ခဲ့​သည်​။​ထိုင်း​နိုင်ငံ​တွင်​နှစ်​လ​ကြာ ဖြစ်​ပွား​နေ​သော​နိုင်ငံ​ရေး​ပ​ဋိ​ပ​က္ခ​များ​အ​တွင်း​အ​နည်း​ဆုံး​လူ​ပေါင်း(​၂၉)ဦး သေ​ဆုံး​ကာ​ထောင်​နှင့်​ချီ​ဒဏ်​ရာ​ရ​ခဲ့​ပြီး​ဖြစ်​သည်​။​မူ​လ​က ဝန်​ကြီး​ချုပ်​အ​ဘီဆစ်​ဗီ​ဂျာ​ဂျီ​ဗာ​အ​နေ​နှင့်​နို​၀င်​ဘာ (​၁၄)​ရက်​နေ့​တွင်​ရွေး​ကောက်​ပွဲ​ကျင်း​ပ​ပေး​မည်​ဆို​သော ကမ်း​လှမ်း​ချက်​ကို​ရှပ်​နီ​တို့​က​လက်​ခံ​ခဲ့​ကြောင်း​သ​တင်း​များ ထွက်​ပေါ်​ခဲ့​သေး​သော်​လည်း​ရှပ်​နီ​များ​က​ပယ်​ချ​လိုက်​သည်​။​ထို့​အ​ပြင် ဧ​ပြီ​လ​အ​တွင်း​က​လူ​ပေါင်း(​၂၅)ဦး​သေ​ဆုံး​ပြီး​(​၈၀၀)​မျှ​ဒဏ်​ရာ​များ ရ​ရှိ​စေ​သည့်​အ​ဓိ​က​ရုဏ်း​များ​အ​တွက်​ဒု​တိ​ယ​ဝန်​ကြီး​ချုပ် ဆူ​သပ်​သောင်​ဆူ​ဘန်​အား​စွပ်​စွဲ​ခြင်း​နှင့်​ပတ်​သက်​ပြီး အ​ခြေ​အ​နေ​မှာ​ပို​မို​ဆိုး​ရွား​လာ​ခဲ့​သည်​။​ထို​အ​ချိန်​က​ဆူ​သပ်​သည် လုံ​ခြံု​ရေး​တာ​ဝန်​ကို​ရ​ယူ​ပြီး​ဆ​န္ဒ​ပြ​မှု​များ​ကို အင်​အား​သုံး​နှိမ်​နင်း​ရန်​ကြိုး​ပမ်း​ခဲ့​ခြင်း​ဖြစ်​သည်​။​

နိုင်ငံ​အ​တွင်း မ​ပြီး​ပြတ်​နိုင်​အောင်​ဖြစ်​နေ​သည့်​ဆ​န္ဒ​ပြ​မှု​များ​အ​ပေါ်​ထိုင်း​လူ​ထု​က​မူ စိတ်​ကုန်​ခမ်း​နေ​ပြီ​ဖြစ်​သည်​။​ရှပ်​နီ​များ​က​ဆူ​သပ်​အား တ​ရားဥ​ပ​ဒေ​အ​ရ​စစ်​ဆေး​မှု​မ​ပြု​လုပ်​ဘဲ​၎င်း​တို့​အ​နေ​နှင့် အ​လျှော့​မ​ပေး​နိုင်​ကြောင်း​တောင်း​ဆို​ထား​သည်​။​မျက်​မြင်​များ​၏ အ​ဆို​အ​ရ​ဆ​န္ဒ​ပြ​သူ​ထောင်​ပေါင်း​များ​စွာ​တို့​သည်​၎င်း​တို့​၏ နေ​ရာ​ကို​မ​စွန့်​ခွာ​ဘဲ​ဆက်​လက်​ရှိ​နေ​ဆဲ​ဖြစ်​ကြောင်း​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here