Firefox​ ​၏ Version​​ 4 ကို​​ ဇွန်​လ​ ​အ​တွင်း​​ စ​တင်​မည်

alt

Mozilla​ ​ကု​မ္ပ​ဏီ​သည် ၎င်း​တို့​၏​နာ​မည်​ကျော်​Web​Browser​ဖြစ်​သည့်​​ Firefox​​၏ စ​တု​တ္ထ Version​ကို​ ဇွန်​လ​အ​တွင်း​စ​တင်​ထုတ်​ဝေ​ရန်​ စီ​စဥ်​ထား​ကြောင်း သိ​ရ​သည်​။​​

Web​Browser​လော​က​တွင် ​ပြိုင်​ဖက်​များ​အား​အ​သာ​ရ​စေ​မည့် Feature​များ​ပါ​၀င်​ဖွယ်​ရှိ​နေ​သည့်​ Firefox​4.0​အား​Beta Version​အ​ဖြစ်​ထုတ်​ဝေ​မည်​ဖြစ်​သည်​။ ​Mozilla​ က​ Firefox​4.0​သည်​ Web Browser ​နယ်​ပယ်​တွင်​အ​ဓိ​က​ပြိုင်​ဖက်​များ​ဖြစ်​သည့် ​Apple​၊ Google​နှင့်​Microsoft​တို့​အား​ အ​ကြီး​အ​ကျယ်​ဖိ​အား​ပေး​နိုင်​ရန် မျှော်​လင့်​ထား​သည်​။ ​Mozilla​၏​Firefox​Web​Browser​ဒါ​ရိုက်​တာ မိုက်​ဘယ်​ဇ​နာ​က​ Firefox​3.7​အား​ထုတ်​ဝေ​ပြီး​နောက်​4.0​Betaအ​တွက် အ​သင့်​ပြင်​ဆင်​ပြီး​ဖြစ်​ကြောင်း​ပြော​ကြား​ခဲ့​သည်​။​မူ​လ​က​Firefox 4.0​ကို နှစ်​ကုန်​ပိုင်း​မှ​ထုတ်​ဝေ​ရန်​စီ​စဥ်​ထား​သော်​လည်း ေ​ဈး​ကွက်​တောင်း​ဆို​မှု​ကြောင့်​ဇွန်​လ​ကို​ရွေး​ချယ်​လိုက်​ခြင်း​ဟု ဘယ်​ဇ​နာ​က​ဆို​သည်​။ ​Beta​အ​ဆင့်​တွင်​သုံး​စွဲ​သူ​များ​၏ တုန့်​ပြန်​မှု​ကို​လေ့​လာ​ရန်​လို​အပ်​နေ​သေး​ကြောင်း​လည်း​ ဘက်​ဇ​နာ​က မှတ်​ချက်​ပြု​ခဲ့​သည်​။​

လေ့​လာ​သူ​များ​က​Firefox​4.0​သည်​Google​၏ Chrome​နှင့်​Microsoft​မှ​အ​သစ်​ထုတ်​မည့်​Internet​Explorer​9​ ​တို့​ကို အ​ဓိ​က​ယှဥ်​ပြိုင်​သွား​ရ​ဖွယ်​ရှိ​နေ​ကြောင်း သုံး​သပ်​ခန့်​မှန်း​ထား​ကြ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here