​လေ​ထု​ညစ်​ညမ်း​မှု​ကြောင့်​ ​နှ​လုံး​ရော​ဂါ​ဖြစ်​နိုင်

alt

လေထုညစ်ညမ်းမှုသည် လူအများ၏ နှလုံးကို ထိခိုက်စေပြီး လေဖြတ်ခြင်း၊ သေသည်အထိ ပြင်းထန်သော နှလုံးရောဂါ တို့ကို ဖြစ်ပေါ် စေနိုင်ကြောင်း အမေရိကန် နှလုံး ကျန်းမာရေး အဖွဲ့(AHA)က ကြေညာချက် ထုတ်ပြန် သတိပေး လိုက်သည်။

AHA၏ အဆိုအရ လေထု ညစ်ညမ်းမှုနှင့် အတူ လေထဲတွင် ပျံ့နှံ့နေသည့် အမှုန်အမွှားများကြောင့် နှလုံး ထိခိုက်မှုကို ပြင်းထန်စေကြောင်း သိရသည်။ သိပ္ပံပညာရှင်များက အချင်း(၂.၅) မီတာထက် လျော့နည်းသော အမှုန်များကြောင့် နှလုံးကို ထိခိုက် ပျက်စီးစေကြောင်း ပြောကြားခဲ့သည်။ AHAမှ ဒေါက်တာရောဘတ်ဘရွတ်က နှစ်ရှည်လများ လေထုညစ်ညမ်းရာ ပတ်ဝန်းကျင်တွင် နေထိုင်ခြင်းသည် အသက်ရှူလမ်းကြောင်းအပြင် နှလုံး၏ ကျန်းမာရေးကိုပါ ထိခိုက်စေကြောင်း မိမိတို့ စမ်းသပ်တွေ့ရှိခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ယင်းအခြေအနေမျိုးတွင် ကြာကြာနေလေ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ဖြစ်ရန် အလားအလာ များလေလေဟု ၎င်းက ထောက်ပြခဲ့သည်။ လေထုအတွင်း ပါ၀င်နေသည့် အမှုန်များသည် အသက်အရွယ်ကြီးရင့်ပြီး နှလုံးအခံ အားနည်းသူများအတွက် ပိုမိုကြီးမားသော ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။

အဓိကအားဖြင့် ရေနံနှင့် ကျောက်မီးသွေးကဲ့သို့ အနည်ကျ လောင်စာများမှ ထွက်ပေါ်လာသည့် လေထုညစ်ညမ်းမှုသည် နှလုံးထိခိုက်မှုကို အဆိုးဆုံး ဖြစ်ပေါ်စေကြောင်းလည်း ပညာရှင်များက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here