အမျိုးသားများအတွက် အမျိုးသမီးတို့ရဲ့ စွမ်းအင်

alt

အမျိုးသားများ အနေနှင့် အမျိုးသမီးများ၏ တစ်ကြိမ်မျှ ထိတွေ့မှုကို ခံယူရရှိသည့် အခါတိုင်း လုံခြံုနွေးထွေးကာ သတ္တိလည်း ပိုရှိ လာတတ်ကြောင်း ပညာရှင်များက ပြောကြား လိုက်သည်။

အမျိုးသမီး တစ်ဦးက လက်ဖြင့် ထိတွေ့မှုသည် စကားဖြင့် ပြောခြင်းထက် အမျိုးသားများထံမှ ငွေကြေးနှင့် ပတ်သက်ပြီး စွန့်စားလိုစိတ် သတ္တိမျိုးကို နှိုးဆွ ပေးနိုင်ကြောင်း စိတ်ပညာ ပညာရှင်များက ဆိုသည်။

အမေရိကန်နိုင်ငံ၊ အယ်ဘာတာ တက္ကသိုလ်မှ သုတေသန ပညာရှင်များက ယင်းသည် ငယ်စဥ်က မိခင်၏ ထိန်းကျောင်းမှုအောက်တွင် အမဓာတ်၏ ထိတွေ့လွှမ်းမိုးမှုမှာ အသက်အရွယ် ကြီးလာချိန်အထိ အမျိုးသားများအား လွှမ်းမိုးထားနိုင်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောကြားခဲ့ကြသည်။ အမျိုးသမီး တစ်ဦး၏ ထိတွေ့မှုသည် အမျိုးသားများအတွက် ထူးခြားဆန်းကြယ်သည့် ဆွဲဆောင်မှု ခွန်အားတစ်ရပ်ကို ဖြစ်ပေါ်စေလေ့ရှိပြီး မိခင်ရင်ငွေ့ ခိုလှုံခွင့်ရသည့် ကလေးငယ် တစ်ဦးသဖွယ် မသိစိတ်တွင် လုံခြံုသွားတတ်ကြောင်း အယ်ဘာတာ တက္ကသိုလ်မှ စိတ်ပညာ ဆရာဝန် ဂျင်နီဖာအာဂိုနှင့် ကိုလံဘီယာ တက္ကသိုလ်မှ ဒေါက်တာဂျိုနသည် လီဗစ်တို့က ပြောကြားခဲ့သည်။ အမျိုးသမီးတစ်ဦးသည် စကားဖြင့်ပြောခြင်းထက် အမျိုးသားအား လက်ဖြင့်ထိတွေ့မှုတစ်ကြိမ်မျှ ပြုလုပ်ခြင်းက ယင်းအမျိုးသားအနေနှင့် အောင်မြင်မှုရရန် စွန့်စားရသော စီးပွားရေး လုပ်ငန်းမျိုးကို ရင်းနှီးမြှုပ်နှံလိုစိတ် ဖြစ်လာအောင် ပါးစပ်ဖြင့် ပြောခြင်းထက် ပိုမိုလျင်မြန်စွာ ဆွဲဆောင်နိုင်ကြောင်း လေ့လာမှုများက ညွှန်ပြလျက်ရှိသည်။

ထို့အပြင် လုံခြံုနွေးထွေးသော ခံစားချက်ကိုလည်း ပိုမိုလှုံ့ဆော်နိုင်ကြောင်း စမ်းသပ်မှုတွင် ပါ၀င်သည့် အမျိုးသားများက ဝန်ခံခဲ့သည်။ ယင်းသည် အလွန်ငယ်ရွယ်သည့် အချိန်ကတည်းက မိခင်ဓာတ်၏ လွှမ်းမိုးမှု၏ သက်ရောက်မှုနှင့် ဆက်စပ်နေခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here