​အ​မေ​ရိကန်​တောင်​ပိုင်း​ ​လေ​ဆင်​နှာ​မောင်း​များ​ ​တိုက်​ခတ်

alt

အမေရိကန်နိုင်ငံ၊ တောင်ပိုင်း ဒေသများတွင် လေဆင် နှာမောင်းများ ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူ (၅) ဦး သေဆုံး သွားကြောင်း သိရသည်။ မေလ (၁၀) ရက်နေ့က အိုကလာ ဟိုးမားနှင့် အနီးအနား ဒေသများတွင်

အင်အားပြင်းထန်သော လေဆင် နှာမောင်းများ မွှေ့ယမ်း ဝင်ရောက်ခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိ ခဲ့သေးသည်။ အိုကလာဟိုးမား အရေးပေါ်ဌာန ပြောရေး ဆိုခွင့်ရ အရာရှိ ဂျယ်ရီလိုဂျာကာက အိုကလာဟိုးမားတွင် (၂)ဦးနှင့် ကလီဗာလန်းတွင် (၃)ဦးတို့ သေဆုံးခဲ့ကြောင်း အတည်ပြု ပြောဆိုသွားသည်။

ကလီဗာလန်းမှ သေဆုံးခဲ့သူများအနက် ကလေးငယ်တစ်ဦးသည် အိမ်ထဲတွင် ရှိနေစဥ် အရှိန်ပြင်းစွာ ၀င်ဆောင့်သည့် အပျက်အစီးများကြောင့် သေဆုံးသွားခြင်းဟု သိရသည်။ ဒေသအာဏာပိုင်များက ဒဏ်ရာရသူဦးရေ (၅၈)ဦးထက်မနည်း ရှိနေကြောင်း ကြေညာထားသည်။ ယင်းသည် လေဆင်နှာမောင်းများ ကျရောက်ပြီး ဆိုးရွားသော ရာသီဥတုကို ကြံုရမည်ဟု ကျွမ်းကျင်သူများက ကြိုတင်ခန့်မှန်းထားမှုမှ တစိတ်တဒေသအဖြစ် ကြံုတွေ့ရခြင်းဖြစ်သည်။

ကလီဗာလန်းရှိ အကြီးဆုံမြို့ဖြစ်ပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်သည့် နော်မန်မှ ဒေသခံတစ်ဦးဖြစ်သူ လင်ဒါဆက်က လေဆင်နှာမောင်းဒဏ်ကြောင့် တစ်မြို့လုံးတွင် အပျက်အစီးများ ကြီးကြီးမားမား ဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။ ပညာရှင်များက ထိုနေ့တွင် အနည်းဆုံး လေဆင်နှာမောင်း (၆)ခုခန့် ဖြစ်ပေါ်ခဲ့ကြောင်း ခန့်မှန်းပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here