အီ​ရတ်​တွင်​​ ​အ​သေ​ခံ​ကား​ဗုံး​ခွဲ​မှု​များ​ကြောင့်​ ​၁၁၉ဦး​သေ​ဆုံး

alt

မေလ (၁၀)ရက်နေ့က အီရတ် နိုင်ငံတွင် ဗုံးခွဲမှုများကြောင့် လူပေါင်း (၁၁၉) ဦး ထက်မနည်း သေဆုံး ခဲ့ရာ ယခုနှစ် အတွင်း အီရတ်၏ သွေးထွက် သံယို အများဆုံး စံချိန်တင်နေ့ ဖြစ်လာခဲ့သည်။

ထိုနေ့က ကားဗုံးခွဲမှု (၂)ခုအတွင်း ထိခိုက် ဒဏ်ရာရနေသူများကို ရှာဖွေရန် ကြိုးပမ်းနေသည့် ကယ်ဆယ်ရေး တပ်ဖွဲ့ကို အသေခံ ဗုံးခွဲကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ အမေရိကန် တပ်ဖွဲ့များ ဩဂုတ်လ (၃၁)ရက်နေ့တွင် အပြီးသတ် ဆုတ်ခွာမည့် မတိုင်မီ အီရတ်တွင် ဗုံးခွဲတိုက်ခိုက်မှုများ အကြိမ်ရေ ပိုများလာပြီး လွန်ခဲ့သော ဗုံးဖောက်ခွဲမှု အကြိမ်(၂၀)အတွင်း လူပေါင်း(၃၅၀)ကျော် ထိခိုက်ခဲ့သည်။ ယခုနောက်ဆုံး တိုက်ခိုက်မှုမှာ ဘဂ္ဂဒက်တောင်ပိုင်း ဟီလာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ကားဗုံးနှစ်လုံးသည် စက်ရုံတစ်ခုအနီး အိမ်ပြန်ရန် ဘတ်စ်ကားစောင့်နေသည့် အလုပ်သမားများအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ တစ်နာရီခန့်အကြာတွင် ကယ်ဆယ်ရေး လုပ်သားများ အလုပ်ရှုပ်နေစဥ် ဖောက်ခွဲရေး ကိရိယာများကို ခန္ဓာကိုယ်တွင် တပ်ဆင်ထားသည့် ဗုံးသမားတစ်ဦးက အတင်းဝင်ရောက်ကာ ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာသည်။ မျက်မြင်သက်သေများက ဗုံးပေါက်ကွဲမှုများအပြီး ပြန့်ကြဲနေသည့် အလောင်းများကို နေရာတကာတွင် တွေ့မြင်ခဲ့ရကြောင်း ပြောကြားသွားသည်။

အီရတ်အစိုးရက ဗုံးခွဲမှုမျာါ်နှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ကြေညာသည်။ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားသူများ၏ မိသားစု အချို့ကမူ လုံခြံုရေးကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်သည့် အစိုးရနှင့် စက်ရုံတို့အား အပြစ်တင်လျက်ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here