ပင်​လယ်​ ရေ​မျက်​နှာ​ပြင်​ ​မြင့်​တက်​ လာ​မ​ှု​ကြောင့်​ ​ထိုင်ဝမ်​ကျွန်း​ အ​ခက်​ကြံု​ရ​နိုင်

alt

ပင်​လယ်​ ရေ​မျက်​နှာ​ပြင်​ ​မြင့်​တက်​ လာ​ခြင်း​သည်​ ​ထိုင်​ဝမ်​ကျွန်း​၏​ ​ရပ်​တည်​မှု​ကို​ ​ ကြီး​ကြီး​မား​မား​ ​ခြိမ်း​ခြောက်​ လာ​နေ​ကြောင်း​ ​သိရှိရသည်။

​လွန်​ခဲ့​သော​ ​နှစ်​ပေါင်း (​၃၀၀)​ က​တည်း​က​ ​ကိုး​ကွယ်​လာ​သည့်​ ​မတ်​စု​ နတ်​သ​မီး​သည်​လည်း​ ​က​မ္ဘာ​ကြီး​ ​ပူ​နွေး​လာ​မှု​၏​ ​နောက်​ဆက်​တွဲ​ ​ဂ​ယက်​အား​ ​မ​တား​ဆီး​နိုင်​ချေ​။​ ​ထိုင်​ ဝမ်​တွင်​ ​မတ်​စု​ နတ်​သ​မီး​အား​ ​သ​မု​ဒ္ဒ​ရာ​ရေ​ ​လွှမ်း​မိုး​မှု​မှ​ ​အ​ကာ​အ​ကွယ်​ ပေး​နိုင်​မည်​ဟု​ ​ယုံ​ကြည်​ ကိုး​ကွယ်​နေ​ကြ​ခြင်း​ ဖြစ်​သည်​။​

​ယ​ခု​အ​ခါ​ ​မတ်​စု​နတ်​သ​မီး​ ​ဘု​ရား​ကျောင်း​ အ​နီး​ရှိ​ ​တွန်​ရှင်​မြို့​နယ်​မှ​ ​လူ​ထု​က​ ​ဘု​ရား​ကျောင်း​ ​နေ​ရာ​ ဟောင်း​ထက်​ (​၃)​မီ​တာ​ ပို​မြင့်​သည့်​ ​နေ​ရာ​တွင်​ ​ပြောင်း​လဲ​တည်​ဆောက်​ နေ​ရ​ပြီ​ ဖြစ်​သည်​။​ ​ပင်​လယ်​ ရေ​မျက်​နှာ​ပြင်​ ​တ​စ​တ​စ​ ​မြင့်​တက်​လာ​သည်​နှင့်​အ​မျှ​ ​ဘု​ရား​ကျောင်း​ ​အောက်​ခြေ​သို့​ ​ရေ​များ​တက်​ လာ​ခြင်း​ကြောင့်​ ​ဒေါ်​လာ(​၆၃)​ သန်း​ ​ကုန်​ကျ​ခံ​ကာ​ ​ဘု​ရား​ကျောင်း​သစ်​ ​ပြောင်း​ရွှေ့​ဆောက်​လုပ်​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဟု​ ​ဘု​ရား​ကျောင်း​မှ​ ​ဂေါ​ပ​က​ ဖြစ်​သူ​ ​ဆို​ချူ​ဝမ်​ က​ ​ပြော​ကြား​ခဲ့​သည်​။​

ထိုဝ်​ဝမ်​ရှိ​ ​နေ​ရာ​ဒေ​သ​ ​အ​တော်​များ​များ​ အ​တွက်​ ​ရေ​မျက်​နှာ​ပြင်​ ​မြင့်​တက်​လာ​ ခြင်း​မှာ​ ​ယ​ခု​အ​ခါ​ ​စိုး​ရိမ်​ဖွယ်​ ​အ​နေ​အ​ထား​ထိ​ ​ရှိ​လာ​နေ​ပြီ​ဖြစ်​သည်​။​ ​လေ့​လာ​သူ​ များ​က​ ​မ​ကြာ​မီ​ ​အ​ချိန်​အ​တွင်း​ ​ရေ​လွှမ်း​မိုး​မှု​ ဧ​ရိ​ယာ​ (​၁၀၄)​စ​တု​ရန်း​ ​ကီ​လို​မီ​တာ​ထိ​ ​ကျယ်​ပြန့်​ လာ​နိုင်​ကြောင်း​ ​ပြော​ဆို​ထား​သည်​။​ ​ဖို​မို​ဆာ​ ​ပ​လပ်​စ​တစ်​ လုပ်ငန်း​က​ (​၁၉၉၀)​ကျော်​ ​ပြည့်​နှစ်​များ​ အ​တွင်း​ ​တာ​ဝန်​ယူ​ ​တည်​ဆောက်​ထား​သည့်​ ​အ​မေ​ရိ​ကန်​ ဒေါ်​လာ​ ​ဘီ​လျံ(​၂၀)​တန်​ ​နျူ​က​လီး​ယား​ ​ဓာတ်​ပေါင်း​ဖို​ ကြီး​များ​အ​တွက်​လည်း​ ​ပ​ညာ​ရှင်​များ​က​ ​ခေါင်း​ခဲ​လျက်​ ရှိ​သည်​။​

ပြီး​ခဲ့​သည့်​ (​၄၅)​ နှစ်​တာ​ ​ကာ​လ​အ​တွင်း​ ​မိုး​သည်း​ထန်​စွာ​ ​ရွာ​သွန်း​မှု​ ​အ​ကြိမ်​ အ​မြောက်​အ​မြား​ ​ရှိ​ခဲ့​ခြင်း​က​လည်း​ ​ထိုင်​ဝမ်​၏​ ​ပင်​လယ်​ရေ​ မျက်​နှာ​ပြင်​ အ​မြင့်​ကို​ ​ထို​စဥ်​က​ထက်​ နှစ်​ဆ​မျှ​ ​တက်​လာ​စေ​ရန်​ ​တွန်း​အား​ ပေး​လျက်​ရှိ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here