​ရှား​ရှားပါး​ပါး​ မြင်​တွေ့​ရ​မည့်​ ရေ​ကူး ဝတ်​စုံနှင့်​ နစ်​ကိုး​ကစ်​မင်း​၏​​ ​အ​လှ​အ​ပ

alt

မင်း​သ​မီး​ ​နစ်​ကိုး​ကစ်​မင်း​၏​ ​ရှား​ရှား​ပါး​ပါး​ ​ဆွဲ​ဆောင်​မှု​ ရှိ​သော​ ​​ရေ​ကူး​ဝတ်​စုံ​ဖြင့် ​အ​လှ​ကို​ ​အ​သစ်​ ရိုက်​ကူး​နေ​သည့်​ ​ဇာတ်​လမ်း​အ​တွင်း​ ​ရှု​မြင်​ရ​မည်​ ဖြစ်​သည်​။​

​ဟော​လီး​ဝုဒ်​ ​နာ​မ​ည်​ကျော်​ ​တဦး​ဖြစ်​သော​ ​ကစ်​မင်း​သည်​ ​မိ​ခင်​တဦး​၏​ ​ဘ​ဝ​ကို​ ​ရောက်​ရှိ​ပြီး​ နောက်​ပိုင်း​ ​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​ ​အ​လှ​ကို​ ​ဖုံး​ဖုံး​ဖိ​ဖိ​သာ​ ​ထား​ရှိ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​ဟာ​ဝိုင်​အီ​ ကျွန်း​တ​ခု​ဖြစ်​သော​ ​မာ​အီ​ရှိ​ ​ရေ​ကူး​ကန်​ တ​ခု​တွင်​မူ​ ​ကစ်​မင်း​သည်​ ​ဇာတ်​ကား​တ​ခု​အ​တွက်​ အ​နက်​ရောင်​ ​ရေ​ကူး​ဝတ်​စုံ​ဖြင့်​ ​ပါ​ဝင်​ သ​ရုပ်​ဆောင်​ထား​သည်​။​

အ​ဆို​ပါ​ Just​ Go​ With​ It ဇာတ်​ကား​တွင်​ ​ကစ်​မင်း ​နှင့်​အ​တူ​ ​ဟော​လီး​ဝုဒ်​ ​နာ​ မည်​ကြီး​မင်း​သ​မီး​ ​ဂျင်​နီ​ဖာ​ အင်​နစ်​စ​တန်​ နှင့်​ တင်း​နစ်​စ​တား​ အင်​ဒီ​ရော့ဒစ်​ဇ်၏​ ​ဇ​နီး​ဖြစ်​သူ​ ​ကိုယ်​ဟန်​ပြ​မယ်​ ဘ​ရွတ်​က​လင်း​ ​ဒက်​ကာ​လည်း​ ပါ​ဝင်​ခဲ့​သည်​။​ ထို့​အ​ပြင်​ ​အသက် (​၃၃)​နှစ်​ အ​ရွယ်​ ​ဟ​ာသ​မင်း​သား​ ​နစ်​ဆွက်​ဆန်​ကို​လည်း​ ​ ရိုက်​ကွင်း​တွင်​ ​တွေ့​မြင်​ခဲ့​ရ​သေး​သည်​။​ ​အ​သက် (​၄၂)​နှစ်​ရှိ​ ​နစ်​ကိုး​နှင့်​ (​၄၁)​နှစ်​အ​ရွယ်​ ​အင်​နစ်​စ​တန်​ တို့​သည်​ ​ဟော​လီး​ဝုဒ်​၏​ ​ငွေ​ကြယ်​ပွင့်​များ​အ​ဖြစ်​ ​ရပ်​တည်​ နေ​သော်​လည်း​ ​အ​သက် (​၂၄)​နှစ်​သာ​ ​ရှိ​သေး​သည့်​ ​ဘ​ရွတ်​က​လင်​ မှာ​မူ​ ​နာ​ မည်​ကျော်​ နှစ်ဦး​လောက်​ ​လူ​သိ​ မ​များ​သေး​ချေ​။​

ယ​ခု ဇာတ်​ကား​သည်​ (​၁၉၇၀)​ ပြည့်​လွန်​နှစ်​များ​က​ Bewitched​ ​ရုပ်​မြင်​သံ​ကြား​ ​ဇာတ်​လမ်း​တွဲ​ များတွင်​ ​ပါ​ဝင်​ သ​ရုပ်​ဆောင်​ခဲ့​ပြီး​ နောက်​ပိုင်း​ ​ကစ်​မင်းအ​တွက်​ ​ပ​ထ​မ​ဆုံး​ ​ပြန်​လည်​ ရိုက်​ကူး​သည့်​ ​အ​ချစ်​ ဇာတ်​မြူး​လည်း​ ​ဖြစ်​လာ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here