ဆ​ရာဝန်​ တွေ​​ကြောင့်​ ​သွေး​တိုး​ ရော​ဂါ​ ​ဖြစ်​စေ​နိုင်​ဟု​ ​သု​တေ​သီ​များ​ ပြော​ကြား

alt

ဆ​ရာ​ဝန်​ များ​သည်​ ​သွေး​တိုး​ ရော​ဂါ​ ​ဖြစ်​စေ​သည့်​ ​အ​ကြောင်း​အ​ရင်း​ များ​အ​နက်​ ​တ​ခု​အ​နေ​နှင့်​ ​ပါ​​ဝင်​ေ​န​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

White-Coat​ Effect​ ခေါ်​ ​ အ​ခြေ​အ​နေ​ တ​မျိုး​သည် ​လူ​နာ​သည်​ ​ဆ​ရာ​ဝန်​နှင့်​ ​ဆေး​ရုံ​ ဆေး​ခန်း​များ​၊​ ​ခွဲ​စိတ်​ ကု​သ​မှု​များ​အား​ ​ကြောက်​ရွံ့​စိတ်​မှ​ ​လှုံ့​ဆော်​ ထွက်​ပေါ်​လာ​ကာ​ ​သွေး​တိုး​မှု​ကို​ ​ဖြစ်​ပေါ်​စေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ဩ​စ​တြေး​လျ​ ​သု​တေ​သီ​များ​က​ ​ယင်း​ တွေ့​ရှိ​ချက်​ကို​ ဗြိ​တိန်​ဆေး​ပ​ညာ​ ​ဂျာ​နယ်​တွင်​ ​ဖော်​ပြ​ခဲ့​သည်​။​

​ဗြိ​တိန်​မှ​ ​သု​တေ​သီ​ တဦး​က​လည်း​ ​ပြင်​ပ​ သက်​ရောက်​မှု​ များ​ကြောင့်​ ​သွေး​တိုး​မှု​ ​အ​ခြေ​အ​နေ​ ​အ​ပြောင်း​အ​လဲ​ ​ဖြစ်​ပေါ်​နိုင်​ကြောင်း​ ​ထောက်​ခံ​ ပြော​ဆို​ထား​သည်​။​ ဗြိ​တိန်​နိုင်ငံ​တွင်​ ​အ​ရွယ်​ရောက်​ပြီး​ ပု​ဂ္ဂိုလ်​ ​စု​စု​ပေါင်း​၏​ (​၄၀)​ ရာ​ခိုင်​နှုန်း​ မျှ​သည်​ ​သွေး​တိုး​ဝေ​ဒ​နာ​ကို​ ​ခံ​စား​နေ​ရ​ပြီး​ ​ယင်း​သည်​ ​နှ​လုံး​ဝေ​ဒ​နာ​ ​ဖောက်​ပြန်​ခြင်း​၊​ ​ကျောက်​ကပ်​ရော​ဂါ​၊​ ​လေ​ဖြတ်​ခြင်း​ တို့​နှင့်​ ​ယှက်​နွယ်​လျက်​ရှိ​သည်​။​ ​ဆေး​ရုံ​ဆေး​ခန်း​၊​ ​ဆ​ရာ​ဝန်​ များ​ကို​ ​စိုး​ရွံ့​သည့်​ စိတ်​ကြောင့်​ ​သွေး​တိုး​လာ​မှု​ ​အ​ခြေ​အ​နေ​ကို​ ​လူ​နာ​ပေါင်း​ (​၈၅၀၀)​အား​ ​လေ့​လာ​ပြီး​နောက်​ ​ဖော်​ထုတ်​နိုင်​ခဲ့​ခြင်း​ ဖြစ်​သည်​။​

ဩ​စ​တြေး​လျ​ရှိ​ ​သွေး​တိုး​ရော​ဂါ​ ​အ​ထူး​ကု​ ​ဆေး​ခန်း​ပေါင်း​ (​၁၁)​ခု​တွင်​ ​ယင်း​အ​တွက်​ ​လို​အပ်​ သော​ ​အ​ချက်​အ​လက်​များ​အား​ ​စစ်​တမ်း​ကောက်​ခံ​ ​စာ​ရင်း​ပြု​စု​ခဲ့​သည်​။​ ဖ​လင်း​ဒါး​ ​တ​က္က​သိုလ်​ ​လက်​အောက်​ခံ​ ​အ​ဘာ​ဒင်း​ ​တ​က္က​သိုလ်​မှ​ ​ပ​ရော်​ဖက်​ဆာ​ ​အာ​ဒူ​ရီ​နို​မန်​ဂို​နီ​က​ ​တ​ခါ​တ​ရံ​တွင်​ ​ဆ​ရာ​ဝန်​ များ​အ​နေ​နှင့်​ ​စမ်း​သပ်​မှု​ ​ပြု​လုပ်​နေ​စဥ်​ အ​တွင်း​ အံ့ဩ​လောက်​စ​ရာ​ ​သွေး​ဖိ​အား​ တက်​လာ​သည့်​ ​လူ​နာ​များ​နှင့်​ ​တွေ့​ကြံု​ဖူး​လေ့​ ရှိ​ကြောင်း​၊​ ​ယင်း​သည်​ White-Coat​ Effect​ ၏​ ​ကြီး​မား​သော​ လှုံ့​ဆော်​မှု​နှင့်​ ​ဆက်​စပ်​နေ​ခြင်း​ ဖြစ်​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​ သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here