​ရု​ရှား​နိုင်ငံ​​ ​မိုင်း​တွင်း​ ပေါက်​ကွဲ​မ​ှု​ ​အ​နည်း​ဆုံး​ ​၃၂ဦး​ သေ​ဆုံး

alt

မေ​လ (​၁၀)​ရက်​နေ့​ ​နံ​နက်​ အ​စော​ပိုင်း​က​ ​ရု​ရှား​နိုင်ငံ​တွင်​ ​မိုင်း​တွင်း​တ​ခု​ ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​အ​နည်း​ဆုံး​ ​လူ​ပေါင်း(​ ၃၂)ဦး​ ​သေ​ဆုံး​ကာ​ (​၈၃) ဦး​ ထက်​မ​နည်း​မှာ​ ​ပိတ်​မိ​နေ​ဆဲ​ဟု​ ​သိရှိရသည်။

​ကယ်​ဆယ်​ရေး​ ​တပ်​ဖွဲ့​များ​ ​ပိတ်​မိ​နေ​သူ​များ​ကို​ ​ကယ်​တင်​နိုင်​ရန်​ အ​သည်း​အ​သန်​ ​ကြိုး​ပမ်း​နေ​ရ​ဆဲ​ ဖြစ်​သည်​။​ ​ဆိုက်​ဘေး​ရီး​ယား​ရှိ​ ​မိုင်း​တွင်း​ထဲ​တွင်​ ​ပိတ်​မိ​ နေ​သူ​ များ​သည်​ ​ထို​မ​တိုင်​မီ​ ​တ​ရက်​က​ ​ပေါက်​ကွဲ​မှု​တ​ခု​ ​ဖြစ်​ပွား​ ခဲ့​သေး​သော်​လည်း​ ​မိုင်း​တွင်း​ထဲ​ ၀င်​ခဲ့​ရာ​မှ​ ​ဒု​တိ​ယ​ ​ပေါက်​ကွဲ​မှု​အ​တွင်း​ ​ပိတ်​မိ​နေ​ခြင်း​ ဖြစ်​သည်​။​

​မေ​လ (​၉)​ရက်​နေ့​က​ ​မိုင်း​တွင်း​တွင်​ ​နောက်​ထပ်​ ပေါက်​ကွဲ​မှု​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​သ​တိ​ပေး​ကာ​ ​သွား​လာ​ခွင့်​ ​ပိတ်​ထား​ခဲ့​သော်​လည်း​ ​နောက်​တ​နေ့​ ​နံ​နက်​ပိုင်း​တွင်​ ​မိုင်း​လုပ်​သား​များ​ ​မိုင်း​တွင်း​ထဲ​ ​ပြန်​လည်​ဝင်​ရောက်​ ​လုပ်​ကိုင်​စဥ်​ ​ထပ်​မံ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ခဲ့ခြင်း​ဟု​ ​သိ​ရှိ​ရ​သည်​။​ ​ ​ရု​ရှား​အ​ရေး​ပေါ်​ ​ကယ်​ဆယ်​ရေး​ဌာ​န​ ​ ပြော​ရေး​ ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​ဗယ်​လာ​ရီ​ ​ကော်​ချာ​ဂင်​က​ ယ​ခု​အ​ခါ​​ ​တည်​နေ​ရာ​ ​အ​တိ​အ​ကျ​ ​သိ​ရှိ​ထား​ပြီး​ ဖြစ်​သော​ မိုင်း​တွင်း​လုပ်​သား​ (​၅)ဦး​ကို​ ​ကယ်​ထုတ်​ရန်​ ​ကြိုး​ပမ်း​နေ​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​

​မေ​လ (​၉)​ရက်​နေ့​ ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ ပြီး​နောက်​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ဆာ​ဂျီ​ရှူ​ဂီ​ ကိုယ်​တိုင်​ ​မော်​စ​ကို​မှ​တ​ဆင့်​ ​အ​ခင်း​ဖြစ်​ရာ​သို့​ ​သွား​ရောက်​ ခဲ့​သေး​သ​ည်​။​ ​ယ​ခု​အ​ခါ​တွင်​ ​ကယ်​ဆယ်​ရေး​ ​အ​လုပ်​သ​မား​များ​အ​တွက်​ ​အ​ခက်​ခဲ​ဆုံး​ ​ကြံု​နေ​ရ​သည်​မှာ​ ​တ​တိ​ ယ​အ​ကြိမ်​ ​ပေါက်​ကွဲ​မှု​ ​ထပ်​မံ​ဖြစ်​လာ ​နိုင်​ခြင်း​ဟု​လည်း​ ​သိ​ရ​သည်​။​ ​​မိုင်း​တွင်း​ထဲ​တွင်​ ​ပိတ်​မိ​နေ​သည့်​ ​အ​လုပ်​သ​မား​ ​အ​များ​စု​သည်​ ​ပြင်​ပ​နှင့်​ ​အ​ဆက်​အ​သွယ်​ ​ပြတ်​လပ်​နေ​ဆဲ​ ဟု​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​ကြသည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here