ပ​ရီး​မီး​ယား​ လိဂ်​ ​ချန်​ပီ​ယံ​ဆု ဖ​လား​​ ချဲလ်​ဆီး​အ​သင်း​ ဆွတ်​ခူး​သွား

alt

အ​င်္ဂလန်​ ​ပ​ရီး​မီး​ယား​လိဂ်​ ​နောက်​ဆုံး​ ပွဲ​စဥ်​တွင်​ ​ချဲလ်​ဆီး​ အ​သင်း​သည်​ ​ဝီ​ဂန်​အား​ ​အိမ်​ကွင်း​တွင်​ (​၈-၀)​ဖြင့်​ ​ပြတ်​ပြတ်​သား​သား​ ​အ​နိုင်​ယူ​ပြီး​နောက်​ ​ရ​မှတ် (​၈၆)​မှတ်​ဖြင့်​ ​ဗိုလ်​စွဲ​သွား​ပြီ​ ဖြစ်​သည်​။​

​ချဲလ်​ဆီး​အား​ ​ယ​ခု​နှစ်​ ​ဘော​လုံး​ရာ​သီ​ ​အ​စ​က​မှ​ ​နည်း​ပြ​ တာ​ဝန်​ဖြင့်​ ​ရောက်​ရှိ​လာ​သူ​ ​ကားလို့စ်​ အန်​ဆယ်​လော်​တီ​​ အ​တွက်​ ​ရောက်​ရောက်​ချင်း​ ​နှစ်​တွင်​ပင်​ ​အ​မှတ်​ပေး​ ​ ချန်​ပီ​ယံ​ဘွဲ့​ကို​ ​ဆွတ်​ခူး​​ ပေး​လိုက်​နိုင်​ခြင်း​ ဖြစ်​သည်​။​ ​အိုင်​ဗ​ရီ​ကို့စ်​ ​လက်​ရွေး​စင်​ ​တိုက်​စစ်​မှူး​ ​ဒီ​ဒီ​ရာ​ ဒ​ရော့​ဘာ​သည်​ ​ချဲလ်​ဆီး​ အ​တွက်​ ​ယ​ခု​ပွဲ​စဥ်​တွင်​ (​၃)​ဂိုး သွင်း​ကာ​ ​ပ​ရီး​မီး​ယား​ လိဂ်​ ​ဂိုး​သွင်း​ ဘု​ရင်​ဆု​ကို​ပါ​ ​ရ​ရှိ​သွား​သည်​။​

ယ​မန်​နှစ်​ (​၃)​ ကြိမ်​ဆက်​တိုက်​ ​ချန်​ပီ​ယံ​ဖြစ်​ခဲ့​သော​ ​မန်​ချက်​စ​တာ​ ​ယူ​နိုက်​တက်​မှာ​ ​စ​တုတ်​စီး​တီး​အား​ (​၄)​ဂိုး​ပြတ်​ဖြင့်​ ​အ​နိုင်​ ရ​ရှိ​ခဲ့​သော်​လည်း​ ​ချဲလ်​ဆီး​နောက်​ (​၁)​မှတ်​လျော့​ကာ​ ​ဒု​တိ​ယ​ နေ​ရာ​ဖြင့်​သာ​ ​ကျေ​နပ်​ခဲ့​ရ​သည်​။​ ​ယူ​နိုက်​တက်​သည်​ ​ယ​ခု​နှစ်​ အ​တွင်း​ ​ကား​လင်း​ဖ​လား​ ​တ​ခု​တည်း​သာ​ ​ဗိုလ်​စွဲ​ နိုင်​ခဲ့​သည်​။​

ချဲလ်​ဆီး​သည်​ ​အ​င်္ဂလန်​ ​ရှုံး​ထွက် FA​ ဖ​လား​ ​ဗိုလ်​လု​ပွဲ​သို့​လည်း​ ​ရောက်​ရှိ​နေ​ပြီး​ ​ယ​ခု​နှစ်​ ​တန်း​ဆင်း​သွား​သည့်​ ပို့​မောက်စ်​နှင့်​ ​တွေ့​ဆုံ​မည်​ ဖြစ်​ရာ​ ​ယ​ခု​နှစ်​တွင်​ ​ဖ​လား(​၂)​လုံး​ ​ရ​ ရှိ​ရန်​ ​အ​ခြေ​အ​နေ​ ကောင်း​လျက်​ရှိ​သည်​။

​ဝီ​ဂန်​နှင့်​ ပွဲ​အ​ပြီး​တွင်​ ​ချဲလ်​ဆီး​နည်း​ပြ​ ​အန်​ဆယ်​လော်​တီ​က​ ​ပ​ရီး​မီး​ယား​ လိဂ်​ဖ​လား​ ​ဆွတ်​ခူး​နိုင်​ခြင်း​ အ​ပေါ်​ ​ကျေ​နပ်​မိ​သော်​လည်း​ ဥ​ရော​ပ​ ​ချန်​ပီ​ယံ​လိဂ်​မှ​ ​စော​စီး​စွာ​ ​ထွက်​ခွာ​ခဲ့​ရ​ခြင်း​ အ​ပေါ်​ ​ ခံ​စား​နေ​ရ​ဆဲ​ ဖြစ်​ကြောင်း​၊​ ​လာ​မည့်​ ဘော​လုံး​ရာ​သီ​တွင်​ ​ချဲလ်​ဆီး​သည်​ ဥ​ရော​ပ​တွင်​ ​အောင်​မြင်​ရေး​ အ​တွက်​ ​ပို​မို​အာ​ရုံ​စိုက်​ သွား​မည်​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here