​ပေါ်​ပြူ​လာ​ အ​ဖြစ်​ဆုံး​ ဗင်​နီ​ဇွဲ​လား​ သ​မ္မ​တ​၏​ Twitter​ Account

alt

ဗင်​နီ​ဇွဲ​လား​ နိုင်ငံ​တွင်​ ​ပေါ်​ပြူ​လာ​ ​အ​ဖြစ်​ဆုံး​ Twitter​ Account​ ပိုင်​ရှင်​မှာ​ ​သ​မ္မ​တ​ ​ ဟူ​ဂို​ချား​ဗက်​ ​ဖြစ်​လာ​ကြောင်း​ သိ​ရှိ​ရ​သည်​။​

​ချား​ဗက်​သည်​ ​ယ​ခု​အ​ခါ​ ၎င်း​၏​ Twitter​ Account​ ကို​ ​ကူ​ညီ​ ကိုင်​တွယ်​ပေး​ရန်​ ​ဝန်​ထမ်း(​၂၀၀)​ ကိုပင်​ ​ခန့်​ထား​ရ​ပြီ​ ဖြစ်​သည်​။​ ​ချား​ဗက်​၏​ Account​ တွင်​ ​မိတ်​ဆွေ​အ​ဖြစ်​ ​လာ​ရောက်​ ချိတ်​ ဆက်​ထား​သူ​ ​တ​သန်း​မျှ​ ​ရှိ​နေ​ပြီ​ ဟု​လည်း​ ​သိရှိရသည်။

​ချား​ဗက်​သည်​ ​နိုင်ငံ​ရေး​အ​ရ​ ၎င်း​အား​ တိုက်​ခိုက်​သော​ ​အ​နုတ်​ လ​က္ခ​ဏာ​ ဆန်​သည့်​ Message​ များ​ ​ရောက်​လာ​ပါ​က​ ​ဟာ​သ​ ပြက်​လုံး​များ​ ​ပြန်​လည်​ ပေး​ပို့​ပေး​ရန်​ ၎င်း​၏​ Account​ ကို​ ​စီ​မံ​ကိုင်​တွယ်​ နေ​သူ​များ​အား​ ​မှာ​ကြား​ ထား​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို​ သွား​သည်​။​ ​ချား​ဗက်​က​ ​ယင်း​သို့​သော​ ​အ​တိုက်​အ​ခံ​ Message​ အ​မြောက်​အ​မြား​ ၎င်း​ထံ​ ရောက်​ရှိ​ ခဲ့​ကြောင်း​ကို​ ​ဝန်​ခံ​ထား​သည်​။​

ချား​ဗက်​သည်​ Twitter​ တွင်​ Accout​ ဖွင့်​ပြီး​ (​၁၀)​ရက်​ အ​တွင်း​ ​နိုင်ငံ​၏​ ​ပေါ်​ပြူ​လာ​အ​ဖြစ်​ဆုံး​ Twitter​ Account​ ဖြစ်​သည့်​ Globovision​ TV​ လိုင်း​အား​ ​နောက်​ကောက်​ချ​ လိုက်​နိုင်​ခြင်း​ ဖြစ်​သည်​။​ ​အ​တိုက်​အ​ခံ​ ခေါင်း​ဆောင်​ ​ဂျူ​အန်ဂျို့​မော်​လီ​နာ​ က​မူ​ ​သ​မ္မ​တ​ အ​နေ​နှင့်​ Twitter​ အ​သုံး​ပြု​ကာ​ ​သာ​ယာမ​နေ​ဘဲ​ နိုင်ငံ​ အ​ပေါ်​တွင်​လည်း​ ​အာ​ရုံ​စိုက်​ အုပ်​ချုပ်​သင့်​ကြောင်း​ ​အ​ရွဲ့​တိုက်​ ​ပြော​ကြား​ သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here