အိုက်​စ​လန်​မီး​တောင်​မှ​ ​ပြာ​မှုန်​များ​ ​ထပ်​မံ​ထွက်​လာ​ပြန်

alt

အိုက်​စ​လန်​ကျွန်း​ပေါ်​ရှိ​ ​မီး​တောင်​ကြီး​မှ​ ​နောက်​ထပ် ​ပြာ​များ​ ​မှုတ်​ထုတ်​နေ​ခြင်း​ကြောင့်​ ​မေ​လ(​၇)​ရက်​နေ့​တွင်​ ​အိုင်​ယာ​လန်​ ​လေ​ကြောင်း​ခ​ရီး​စဥ်​ ​အ​ချို့​ကို​ ​ရွှေ့​ဆိုင်း​ လိုက်​ရ​ ပြန်​ကြောင်း​ ​သိ​ရ​သည်​။​

Eyjafjallajokul​ ​မီး​တောင်​ကြီး​က​ ​ထို​နေ့​နံ​နက်​ ​အ​စော​ပိုင်း​တွင်​ ​အ​ကျယ်​မိုင်(​၁၀၀၀)​ရှိ​သော​ ​မီး​တောင်​ပြာ​များ​ကို​ ​မှုတ်​ထုတ်​လိုက်​ခြင်း​ကြောင့်​ ​အိုင်​ယာ​လန်​ ​အ​နောက်​ပိုင်း​ရှိ​ ​လေ​ဆိပ်​အ​ချို့​ကို​ ​ပိတ်​ထား​လိုက်​ရ​သည်​။​ ဧ​ပြီ​လ​လယ်​က​ Eyjafjallajokul​ ​မီး​တောင်​ကြီး​ ​အင်​အား​ကြီး​မား​စွာ​ ​ပေါက်​ကွဲ​ခဲ့​ရာ​ ဥ​ရော​ပ​တိုက်​ ​အ​နောက်​ပိုင်း​နှင့်​ ​အ​လယ်​ပိုင်း​တွင်​ ​လေ​ယာဥ်​ပျံ​သန်း​မှု​များ​ ​တစ်​ပါတ်​ကြာ​မျှ​ ​ဖျက်​သိမ်း​ခဲ့​ရ​သ​လို​ ​လေ​​ကြောင်း​ကု​မ္ပ​ဏီ​များ​အ​တွက်​ ​ယူ​ရို​ငွေ​ (​၂)​ဘီ​လျံ​ဖိုး​မျှ​ထိ​ ​နစ်​နာ​ဆုံး​ရှုံး​ခဲ့​သည်​။​ ​မေ​လ(​၇)​ရက်​နေ့​က​ ​အ​နည်း​ဆုံး​ ​လေ​ဆိပ်(​၆)​ခု​ကို​ ​ပိတ်​လိုက်​ရ​ကြောင်း​ အိုင်​ယာ​လန်​ ​လေ​ကြောင်း​ထိန်း​သိမ်း​ရေး​ဌာ​န​ ​အာ​ဏာ​ပိုင်​များ​က​ဆို​သည်​။​ ​

မီး​တောင်​ချော်​ပြာ​များ​မှ​ ​ဖြစ်​ပေါ်​လာ​သော​ ​တိမ်​တိုက်​များ​သည်​ ​လေ​ယာဥ်​ပျံ​သန်း​ရာ​တွင်​ ​အင်​ဂျင်​များ​ ​ပျက်​စီး​ပြီး​ ​လေ​ယာဥ်​ပျက်​ကျ​မှု​ ​ဖြစ်​ပေါ်​စေ​နိုင်​ခြင်း​ကြောင့်​ ​အ​ရဲ​စွန့်​ ​ပျံ​သန်း​ခြင်း​မျိုး​ ​မ​ပြု​လုပ်​ရန်​ ​အိုင်​ယာ​လန်​က​ ​ဆုံး​ဖြတ်​ထား​သည်​။​ ယ​ခု​ဖြစ်​ပေါ်​နေ​သော​ ​ချော်​ပြာ​တိမ်​တိုက်​ကြီး​သည်​ ​အ​လျား​မိုင်(​၁၀၀ဝ)​ရှည်​ပြီး​ ​အ​နံ​မိုင်​ (​၇၀၀)​ကျယ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here