​ပြင်​သစ်​လေ​ယာဥ်​မှ​ ​သေ​တ္တာ​နက်​တည်​နေ​ရာ ​ရှာ​ဖွေ​တွေ့​ရှိ

alt

ပြီး​ခဲ့​သည့်​နှစ်​က​ ​ပျက်​ကျ​သွား​သည့်​ ​ပြင်​သစ်​လေ​ကြောင်း​ ​အ​မှတ်(​၄၄၇)​၏​ ​လေ​ယာဥ်​ပျက်​ကျ​မှု​ ​မှတ်​တမ်း​တင်​ ​သေ​တ္တာ​နက်​ ​တည်​နေ​ရာ​ကို​ ​တွေ့​ရှိ​ပြီ​ဟု​ ​သိ​ရ​သည်​။​

​ယင်း​လေ​ယာဥ်​သည်​ ဇွန်​လ(​၁)​ရက်​နေ့က​ ​ဘ​ရာ​ဇီး​မှ​ ​ပြင်​သစ်​သို့​ ​ပျံ​သန်း​ထွက်​ခွာ​စဥ်​ ​မုန်​တိုင်း​ထန်​နေ​သည့်​ ​ရာ​သီဥ​တု​အ​တွင်း​ ​ပျောက်​ကွယ်​သွား​​ခြင်း​ဖြစ်​သည်​။​ ​နောက်​ပိုင်း​တွင်​ ​ပြင်​သစ်​နှင့်​ဘ​ရာ​ဇီး​ ​ပူး​ပေါင်း​ရေ​တပ်​ဖွဲ့​က​ ယင်း​လေ​ယာဥ်​မှာ​ ​ဘ​ရာ​ဇီး​ကမ်း​လွန်​ ​အ​တ္တ​လ​န္တစ်​ ​သ​မု​ဒ္ဒ​ရာ​အ​တွင်း​ ​ပျက်​ကျ​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​ထို​စဥ်​က​တည်း​က​ ​လေ​ယာဥ်​ပျက်​ကျ​မှု​ ​အ​ကြောင်း​ရင်း​ကို​ ​တိ​တိ​ကျ​ကျ​ ​ဖော်​ထုတ်​နိုင်​ရန်​ ​သေ​တ္တာ​နက်​ကို​ ​အ​သည်း​အ​သန်​ ​ရှာ​ဖွေ​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

ယ​ခု​အ​ခါ​ ​သေ​တ္တာ​နက်​ ​ရှိ​နေ​မည့်​နေ​ရာ​ကို​ ​ဖော်​ထုတ်​နိုင်​ပြီ​ဖြစ်​သော်​လည်း​ ​ပင်​လယ်​အောက်​မှ​ ​ဆယ်​တင်​ရေး​သည်​ ​မည်​သို့​မျှ​ ​မ​ဖြစ်​နိုင်​ကြောင်း​ ​ရေ​တပ်​ဗိုလ်​ချုပ်​ ​ခ​ရစ်​စ​တီ​ယန်​ ​ဘက်​တစ်​စ​တီ​က​ AFP​သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​သေ​တ္တာ​နက်​သည်​ ​ရေ​အ​နက်​ ​ပေ​ပေါင်း(​၉၈၀၀)​ကျော်​ရှိ​နေ​ပြီး​ ​ဆယ်​ယူ​ရန်​ ​ကြိုး​စား​မှု​သည်​ ​ပဲ​ရစ်​မြို့​တော်​ကြီး​အ​တွင်း​ ​ဝှက်​ထား​သည့်​ ​ဖိ​နပ်​သေ​တ္တာ​တစ်​ခု​အား​ ​လိုက်​ရှာ​သည်​နှင့်​ ​တူ​နေ​နိုင်​ကြောင်း​ ​ယင်း​က​ ​ဝန်​ခံ​ခဲ့​သည်​။​ ​လေ​ယာဥ်​ပျံ​ ​ပျက်​ကျ​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ဖြစ်​မှန်​ကို​ ​သိ​ရှိ​နိုင်​မည့်​ ​နောက်​ဆုံး​အ​ခွင့်​အ​ရေး​မှာ​ ​သေ​တ္တာ​နက်​သာ​ ​ဖြစ်​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​ယင်း​ကို​လည်း​ ​လက်​လွှတ်​ခံ​လို​က်​ရ​ပြီ​ဟု​ ​ပြင်​သစ်​ရေ​တပ်​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​ဟေ​ဂယ်​ဒီ​ပ​လက်​ဆစ်​ ​ဒီ​အာ​ဂျန်​ထ​ရီ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​သေ​တ္တာ​နက်​ ​ရှာ​ဖွေ​မှူ​ ​လုပ်ငန်း​များ​တွင်​ ​အ​မေ​ရိ​ကန်​နှင့်​ ​နော်​ဝေး​ရေတပ်​တို့​က​ပါ​ ​ပူး​ပေါင်း​ပါ​၀င်​ ​ကူ​ညီ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ပြင်​သစ်​ခ​ရီး​သည်​တင်​ ​လေ​ယာဥ်​ပျက်​ကျ​ခြင်း​ကြောင့်​ ​လေ​ယာဥ်​ပေါ်​ ​လိုက်​ပါ​လာ​သူ​ (​၂၂၈)ဦ​လုံး​ ​သေ​ဆုံး​ခဲ့​ပြီး​ ​ယင်း​မှ​သေ​တ္တာ​နက်​သည်​ (​၅)​စ​တု​ရန်း​ ​ကီ​လို​မီ​တာ​ရှိ​သည့်​ ​ဇုန်​အ​တွင်း​ ​ပင်​လယ်​ကြမ်း​ပြင်​အောက်​တွင်​ ​နစ်​မြုပ်​နေ​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here