ကံ​ကောင်း​ရာ​မှ​ ​ကံ​ဆိုး​သွား​သည့်​ ​အ​မေ​ရိ​ကန်​​ နိုင်ငံ​သား​၏​ ​အ​ဖြစ်

alt

အမေရိကန် နိုင်ငံ၊ နယူးယောက် မြို့ရှိ ဆိုဗေး တွင် နေထိုင်သူ ကင်းနက် လာမိုရီ အတွက် မေလ (၄)ရက် နေ့ သည် ကံကောင်းရာမှ ကံဆိုး သွားသော နေ့တနေ့ ဖြစ်ခဲ့သည်။

ထိုနေ့က ၎င်းသည် ဗီရိုနာရှိ Turning Stone ကာစီနို ရုံတွင် ဒေါ်လာ (၃၂၀၀)ဖိုး အနိုင် ရရှိကာ နံနက် (၃)နာရီခွဲမှ အိမ်သို့ ပြန်ရောက် လာခဲ့သည်။ ကာစီနိုတွင် အနိုင်ရသဖြင့် ပျော်ရွှင်နေသော ကင်းနက်အတွက် နောက် တနာရီ အကြာတွင် စိတ်ပျက်စရာ ဖြစ်လာရတော့သည်။ ကင်းနက် နှင့်အတူ ၎င်း၏ ချစ်သူနှင့် ကလေး(၃)ဦးတို့ အတူနေသော နေအိမ်မှာ ထိုအချိန်တွင် မီးစလောင် လေတော့သည်။ မိသားစု အားလုံးမှာ အိမ်ပေါ်မှ ဆင်းပြေးပြီး အသက် အန္တရာယ်မှ လွတ်မြောက် သွားခဲ့ပြီး ရဲတပ်ဖွဲ့က အနီးမှ မိသားစု နှစ်ခုကိုလည်း ရွှေ့ပြောင်းပေးခဲ့ ရသည်။

မီးကြောင့် ကင်းနက်၏ နေအိမ်တွင် ပျက်စီးမှုအချို့ ရှိခဲ့ပြီး အဆိုးဆုံးမှာ မီးအတွင်း ၎င်း ပူပူနွေးနွေး ရလာသည့် ဒေါ်လာ(၃၂၀၀) ထည့်ထားသော ပိုက်ဆံအိတ်ပါ ပါသွားသည်ဟု ယူဆရခြင်း ဖြစ်သည်။

မီးငြှိမ်း ပြီးချိန်တွင် ထိုပိုက်ဆံအိတ်ကို မတွေ့ရတော့ချေ။ ကင်းနက်က ထိုငွေကို အခွန်နှင့် အကြွေးများ ပေးချေရန် ရည်ရွယ် ထားခဲ့ခြင်းဟု ညည်းညူ ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ မီးလောင်ခြင်း၏ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here