က​လေး​များ​ စဥ်းစားဉာဏ် တိုးတက်မှု အတွက်​ TV​​ က​ ​အ​ဟန့်​အ​တား​​ ဖြစ်​စေ​ နိုင်

alt

ကလေးများ၏ စဥ်းစားဉာဏ် တိုးတက်မှု အတွက် TV သည် အဟန့်အတား ဖြစ်စေ​ နိုင်ကြောင်း ပညာရှင်များက သတိပေး ပြောကြား လိုက်သည်။

ပျမ်းမျှ အသက် (၂)နှစ်ခွဲမှ (၄)နှစ် အရွယ် ကလေး​ အများစုသည် TV​ ကြိုက်လေလေ၊ ကျန်းမာရေး အတွက် မသင့်တော်သည့် အစားအသောက် များ ပိုစား​ မိလေလေ​ ဖြစ်သလို ဉာဏ်ရည်အားဖြင့် ထိုင်းမှိုင်းမှုများ ပိုမို​ ပေါ်ပေါက် လာကြောင်း သိရသည်။ ကနေဒါနိုင်ငံ၊ ကွီဘက်တွင် (၁၉၉၇) ခုနှစ်နှင့် (၁၉၉၈)​ ခုနှစ် များအတွင်း မွေးဖွားခဲ့သည့် ကလေးများ၏ မိဘများ​ထံမှ ကလေး၏ ဉာဏ်ရည်နှင့် ပတ်သက်ပြီး စစ်တမ်းများ ကောက်ယူခဲ့ကြသည်။

ကလေး(​ ၁၃၁၄)​ ဦး၏ မိဘများ​ အပေါ် မေးမြန်းပြီး ပြုစုထားသည့် စစ်တမ်းက ကလေး​ အရွယ်တွင် TV​ ကို ခုံခုံမင်မင် ကြည့်ရှုခဲ့သူ အများစုသည် အသက်ကြီး​ လာချိန်တွင် ဉာဏ်ရည်ပိုင်း အားနည်းချက်များ ပိုမိုသိသာစွာ ဖြစ်နေ​ တတ်ကြောင်း ညွှန်ပြ​လျက်​ ရှိသည်။

ဆရာဝန်​ များက နေ့စဥ်နေ့တိုင်း သာမန်ထက် (၁)နာရီမျှ TV​ ပိုကြည့်သည့် ကလေး​ များသည် သချင်္ာကဲ့သို့ ဉာဏ်ရည်သုံး တွက်ချက်ရသည့် ပညာရပ်များတွင် ပျမ်းမျှ​ (၆)​ ရာခိုင်နှုန်းမျှ ညံ့ဖျင်းနေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကျောင်းစာများတွင် စိတ်ဝင်စား​မှု (၇)​ ရာခိုင်နှုန်းမျှ ကျဆင်းသွားပြီး သာမန်​ ကလေးများထက် အပြစ်​ ပေးခံရမှု (၁၀)​ ရာခိုင်နှုန်းမျှ ပိုများ​ နေလေ့ရှိကြောင်း သတင်း​ ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here