ငါး​မန်း​ အ​န္တ​ရာယ်​ ကာ​ကွယ်​ရေး ​ဩ​စ​တြေး​လျ​ ရေ​တပ်​၏​ ​နည်း​ပ​ညာ​သစ်

alt

ဩစတြေးလျ ရေတပ်သည် ငါးမန်း အန္တရာယ် ကာကွယ် ပေးမည့် ထူးခြားသော နည်းပညာသစ် တခု အား အသုံးပြုတော့မည် ဟု သိရှိ ရသည်။

ငါးမန်း ကာဒိုင်းဟု အမည် ပေးထား သည့် ကိရိယာသည် ငါးမန်းများ ကြောက်ရွံ့ ထိတ်လန့်ကာ ထွက်ပြေး စေသည့် လျှပ်စစ် လှိုင်းများကို ထုတ်ပေးခြင်းဖြင့် ငါးမန်း ရန်ကို ကာကွယ် ပေးနိုင်မည် ဖြစ်သည်။

(၁၃)ပေါင် ခွဲလေးသည့် အဆိုပါ ကိရိယာ ငယ်လေးအား ရေအောက် တွင် အလွယ်တကူ တပ်ဆင် သွားနိုင်မည် ဖြစ်ပြီး ယမန်နှစ်က ဩစတြေးလျ ရေတပ်မှ ရေငုပ် သမားများ ငါးမန်း တိုက်ခိုက်မှု ခံရပြီးနောက် စမ်းသပ် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို ရေတပ်တွင် အသုံးပြုရန် အတည်ပြုချက် ချမှတ်ပေးလိုက်ပြီ ဖြစ်သည်။

(၂၀၀၉)ခုနှစ်၊ ဖေဖော်ဝါရီ လက ရေငုပ်သမား ပေါဒီဂီဒါသည် ဆစ်ဒနီ ဆိပ်ကမ်းတွင် ငါးမန်း တိုက်ခိုက်မှုကြောင့် ညာဖက် ခြေနှင့်လက်များ ဆုံးရှုံး သွားခဲ့ပြီးနောက် ရေတပ်က ငါးမန်း အန္တရာယ် ကာကွယ်ရေး နည်းလမ်းသစ်များကို စဥ်းစားလာခြင်း ဖြစ်သည်။ ငါးမန်း၏ နှာဖျားတွင် ရေအောက် လှုပ်ရှားမှု ကြိမ်နှုန်းများကို ဖမ်းယူ သိရှိနိုင်သည့် အာရုံခံ စွမ်းရှိပြီး ယင်းကိုအသုံးချကာ လျှပ်စစ်လှိုင်းဖြင့် ခြောက်လှန့် တိုက်ခိုက်မည် ဖြစ်သည်။

ကိရိယာမှ ထွက်လာသည့် လျှပ်စစ်လှိုင်း များသည် (၈)မီတာ အကွာထိ သက်ရောက် စေမည် ဖြစ်သည်။ အဆိုပါ ကိရိယာကို (၂)မျိုးခွဲခြား ထုတ်လုပ်ထားပြီး ရေတိမ်ပိုင်းနှင့် ရေလွှာ လျှောစီးရာတွင် အသုံးပြုရန် အမျိုးအစားမှာ ပေါင်စတာလင် (၃၆၀) ကျသင့်ပြီး ရေနက်သုံး အမျိုးအစားမှာမူ ပေါင်စတာလင် (၄၆၀)မျှ တန်ဖိုးရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here