စ​ကား​လက်​ ဂျို​ဟန်​ဆန်​၏​ ​တ​တိ​ယ​မြောက်​ သီ​ချင်း​ အယ်လ်​ဘမ်​ ​ထွက်​ရှိ​မည်

alt

ဟောလီးဝုဒ် မင်းသမီး စကားလက် ဂျိုဟန်ဆင် က သူမ၏ တတိယ မြောက် သီချင်း အယ်လ်ဘမ်ကို ထုတ်ဝေရန် အသင့်ဖြစ် နေပြီဟု ပြောကြား လိုက်သည်။

ဂျိုဟန်ဆင်သည် ရုပ်ရှင် လောကတွင် အောင်မြင်စွာ ရပ်တည် နေသော် လည်း သူမ၏ ပထမ သီချင်း အယ်လ်ဘမ် နှစ်ခုမှာမူ ထင် သလောက် မပေါက်ခဲ့ချေ။

သို့သော်လည်း သီချင်း ဆိုရသည်ကို အလွန် နှစ်သက်ကြောင်း ဝန်ခံ ထားသည့် မင်းသမီးက တတိယ မြောက် အယ်လ်ဘမ် အတွက် စီစဥ်မှုများ ပြီးပြတ်လုပြီ​ ဖြစ်ကြောင်း အတည်ပြု​ လိုက်သည်။ သူမသည် သီချင်း​ အယ်ဘမ်သစ်အတွက် စိတ်​ လှုပ်ရှားနေကြောင်း၊ ဂီတလောကမှ အနားယူရန် လုံးဝ​ စဥ်းစားမထားဘဲ ရုပ်ရှင်ရော၊ ဂီတဖက်ပါ အာရုံစိုက် သွားမည်ဟု ပြောဆိုထားသည်။

အသက် (၂၅)နှစ်ရှိ ဂျိုဟန်ဆင်သည် Anywhere I Lay My Head နှင့် Break Up​ အယ်လ်ဘမ် များအား ထုတ်ဝေထားသည်။ စကားလက် နောက်ဆုံးပါဝင် သရုပ်ဆောင် ထားသည့် Iron Man 2 ဇာတ်ကားမှာမူ ရုံမတင်မီ ကတည်းက အောင်မြင်မည်ဟု အကြီးအကျယ် ရေပန်းစားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here