အင်္ဂလန်​ပ​ရီး​မီး​ယား​လိဂ်​ ​က​စား​သ​မား​​ နှစ်ဦး​အား​ ​ရို​မား​​ အ​သင်း​မှ​ ​ခေါ်​ယူ​ရန်​​ ပစ်​မှတ်​ထား

alt

ယခုနှစ် အီတလီ​ စီးရီးအေတွင် ခြေစွမ်းပြ​ နေသည့် ရိုးမားအသင်း​ သည် အင်္ဂလန် ပရီးမီးယား​ လိဂ် ကစားသမား နှစ်ဦးအား ခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း သိရှိ​ ရသည်။

ရိုးမားသည် လီဗာပူးမှ အစ္စရေး လက်ရွေးစင် ကွင်းလယ်လူ ယိုဆေး​ ဘီနာယောက်နှင့် အာဆင်နယ်မှ ပြင်သစ်​ လက်ရွေးစင် ဗဟို​ နောက်ခံလူ ဝီလျံ ဂါးလက်တို့ကို စောင့်ကြည့်နေကြသည်။ ထို့အပြင် အာစင်နယ် မှပင်ဖြစ်သော အီမန် နျူရယ် အီဘိုယေး နှင့် ပို့စ်မောက် အသင်းမှ ခံစစ်မှူး နာဒါဘယ် ဟက်ဂျီတို့ကိုလည်း ရိုးမားနည်းပြ ကလော်ဒီရို ရာနေရာရီက မျက်စိကျ နေကြောင်း သိရသည်။

အသက် (၃၀)အရွယ် ဘီနာယောင်သည် လီဗာပူးအသင်း ဥရောပ ချန်ပီယံ လိဂ်ဝင်ခွင့် ဆုံးရှုံး သွားမှုအပေါ် စိတ်ပျက်လျက်ရှိပြီး အသင်းမှ ထွက်ခွာရန် စီစဥ်နေသည်။ ယင်းအား ရုရှားကလပ် ဒီနာမို မော်စကို ကလည်း အလိုရှိနေသည်။ ဒီနာမိုသည် ဇန်နဝါရီလ အတွင်းက ဘီနာယောင်အား ပေါင်(၇)သန်းပေး ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။ ထို့အပြင် ရိုးမား၏ ဒုတိယမြောက် ပစ်မှတ်ဖြစ်သူ ဂါးလက်မှာလည်း အာဆင်နယ်နှင့် စာချုပ် သက်တမ်းတိုးရန် အဆင်မပြေ ဖြစ်ပြီးနောက် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းက ခေါ်ယူရန် အလားအလာ အကောင်းဆုံး ဖြစ်နေရာ ရိုးမားအနေနှင့် ခက်ခဲဖွယ် ရှိနေသည်။

ရိုးမားသည် အသင်း ခံစစ်ကြောင်းအတွက် အဓိကထား ပြင်ဆင်သွားရန် ကြံရွယ်နေပြီး အင်တာမီလန်မှ ရိုးမားသို့ အငှား လာကစားနေသည့် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး နီကိုလတ် ဘာဒစ်ဆို ၏ ညီဖြစ်သူ အသက် (၂၂)နှစ်အရွယ် ဂီလာမို ဘာဒစ်ဆို ကိုလည်း ပစ်မှတ် ထားနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here